လောလောဆယ်တော့ EV ပိုင်ရှင်တွေက မီးစက်တွေဝယ်နေရပြီ
နေအိမ်ကို လျှပ်စစ်ဓါတ်အားပေးနိုင်တဲ့ ဘက်ထရီ အဖြစ် EV ကားတွေကို အသုံးပြုနိုင်မည်
==================================================
EV ကားတွေဟာ လောင်စာဆီ သုံးစွဲမှု လျှော့ချပေးနိုင်သလို ကမ္ဘာကြီးကို ပျက်ဆီးစေတဲ့ ကာဘွန် ထုတ်လွှင့်မှုလည်း မရှိပါဘူး။ အနာဂတ်မှာ EV ကားတွေဟာ ပိုမို အသုံးဝင်လာတော့မှာ ဖြစ်ပါတယ်။
EV ကားတွေမှာ Bidirectional Charging ကို အသုံးပြုရင် နေအိမ်ကို လျှပ်စစ်ဓါတ်အား ပေးနိုင်မယ်လို့ ဂျာမနီရဲ့ Fraunhofer Institute ရဲ့ သုတေသန စစ်တမ်းမှာ ဖော်ပြထားပါတယ်။ တစ်နည်းအားဖြင့် EV ကားတွေကို နေအိမ်အတွက် ဘက်ထရီလို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
EV တွေကို နေ့လည်ဘက်မှာ အားသွင်းထားနိုင်ပြီး ညအချိန်မှာ နေအိမ်အတွက် လျှပ်စစ်ဓါတ်အား ပံ့ပိုးပေးနိုင်ပါတယ်။ ဂျာမနီမှာ EV ကားတွေကို တစ်ရက်မှာ ၁ နာရီလောက်ပဲ အသုံးပြုကြပြီး ကျန်တဲ့ အချိန်တွေမှာ အားနေပါတယ်။
သုတေသန စစ်တမ်းအရ EV ကားတွေကို အသုံးပြုပြီး နေအိမ်ကို လျှပ်စစ်ဓါတ်အား ပေးမယ်ဆိုရင် ကားပိုင်ရှင်တွေဟာ တစ်နှစ်မှာ နေအိမ်အတွက် လျှပ်စစ်ဓါတ်အားခ ၃၁ ယူရို ကနေ ၇၈၀ ယူရို သက်သာစေနိုင်ပါတယ်။
Ref : Technology Innovation
