19 w - Translate

အမေရိကန်ကွန်ဂရက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် မိုက်ဂျွန်ဆင်ကို ပြန်လည်ရွေးချယ်
++++++++++++++++
အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၄ခုနှစ် ရွေးကောက်ပွဲအပြီး လွှတ်တော်အစည်းအဝေးတွေကို သောကြာနေ့က စတင်ကျင်းပရာမှာ ကွန်ဂရက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် မိုက်ဂျွန်ဆင်ကို ပြန်လည်ရွေးချယ်လိုက်ပါတယ်။
ဒီမိုကရက်တွေဟာ ၎င်းတို့ရဲ့လူနည်းစုခေါင်းဆောင် ဟက်ကင်းမ်ဂျက်ဖရီးစ်ကို အမည်စာရင်း တင်သွင်းခဲ့ပြီး အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဆင်ကို ရီပတ်ဘလစ်ကန်တွေက အမည်စာရင်း တင်သွင်းခဲ့တာဖြစ်ပါတယ်။
အခုလွှတ်တော်မှာ အထက်လွှတ်တော်ရော အောက်လွှတ်တော်မှာပါ ရီဗတ်ပလေကန် အမတ်တွေက လူများစုဖြစ်သွားပါတယ်။ အထက်လွှတ်တော်မှာ ရီဗတ်ပလေကန် ခေါင်းဆောင်အဖြစ် ၁၈ နှစ်ကြာ တာဝန်ယူခဲ့တဲ့ လွှတ်တော်အမတ် မချ်မက်ကော်နယ်က အနားယူမှာဖြစ်လို့ သူ့နေရာမှာ ဂျွန်သုန်း ကို အထက်လွှတ်တော်လူများစုခေါင်းဆောင်အဖြစ် ရီဗတ်ပလေကန်ပါတီက ရွေးချယ်ထားပါတယ်။
အထက်လွှတ်တော်မှာ ရီဗတ်ပလေကန်အမတ် ၅၃ ဦးရှိပြီး ဒီမိုကရက်အမတ်က ၄၇ ဦးရှိပါတယ်။ အောက်လွှတ်တော်မှာတော့ ရီဗတ်ပလေကန်အမတ် ၂၁၉ဦး ဒီမိုကရက်အမတ် ၂၁၅ ဦးရှိပါတယ်။

image