19 ပတ် - ဘာသာပြန်ပါ။

#မန့်ကျွဲသဲ လုပ်ရတာ အလွန်လွယ်တယ်..

ထုံးရည်ကြည် မသုံးထားဘူး..
မွှေးပြောင်းကော်မှုန့်ကိုသုံးပြီး ပြုလုပ်ထားတာပါ ။
ပါဝင်ပစ္စည်းများ
၁. မွှေးပြောင်းဖူးမူန့် ၂၅ ဂရမ် ( ထမင်းစားဇွန်း ၂ ဇွန်းခန့်)
၂. နွားနို ၂၅၀ မီလီလီတာ ( ၁ လီတာ ရေသန့်ဗူးရဲ့ ၄ ပုံ ၁ပုံ)
၃. ထန်းလျှက်ရည် ပျစ်ပျစ် ၅၀ မီလီလီတာ
၄. ဆားအနည်းငယ်
ပြုလုပ်နည်း
မုန့်ကျိုမည့် အိုးထဲမှာ ပါဝင်ပစ္စည်းတွေ အကုန်ရောထည့်မွှေပီး မီးအပူ အလယ်လတ် နဲ့ ကျိုပါ၊ အိုးကို မီးဘိုပေါ်တင်ကတည်း တောက်လျှောက်မွှေပေးနေပါ။ မီးမပျင်းရ။
၃ မိနစ် လောက်ဆို ပျစ်လာဘီ။ နောက်ထပ် ၃-၄ မိနစ်လောက် ထပ်မွှေပေးလိုက်ရင် ရဘီ။
အခဲခံမည့်ခွက်ကို ဆီသုတ်ထားပေးရတယ်။ အခဲခံမည့်ခွက်ထဲ လောင်းထည့်။ အအေးခံ ပါ၊ ခဲသွားရင် ကြိုက်တဲ့အရွယ် လှီးလိုရဘီ၊ အုန်းသီးမနုမရင့်လေးဖြူးပီး စားပါ၊ ရေခဲသေတ္တာ မခဲတဲ့ အထပ် ထဲမှာ အအေးခံရင် မုန့်သား ပိုကောင်းပါတယ်။
#မြိန်မြိန်

image