Khine Su Zin မျှဝေသည်။ ပို့စ်  
19 ပတ်

19 ပတ်

🌟တစ်ပတ်တာသင်္ချာဗေဒဟောကိန်း🌟

(၁)ဂဏန်းသမားများ ( ၁၊ ၁၀၊ ၁၉၊ ၂၈ ရက်မွေးသူများ)
စီးပွားရေး ကံ အသင့်အတင့်ကောင်းမွန်ပြီးမိမိလုပ်ငန်းနှင့်ဆိုင်သော သို့ ငွေကြေးနှင့်ပါတ်သက်ပြီး စကားပြောရတတ်ပါတယ်။မိမိရရှိသောဝင်ငွေထက်လုပ်အားပိုရပါလိမ့်မယ်။ပညာရေးတွင်အပြိုင်အဆိုင်ရှိတတ်ပြီးတွေးခေါ်မှုမှားယွင်းခြင်းကဲ့သို့သောအခက်အခဲများကြုံတွေ့ရနိုင်ပါတယ်။ကျန်းမာရေး အနေနဲ့ခါးအထက်ပိုင်းနှင့်အာရုံကြောဆိုင်ရာရောဂါများသတိပြုရပါမယ်။အချစ်ရေးတွင် ပြိုင်ဆိုင်သူများပြီးမထင်မှတ်ထားသောအကြောင်းအရာငယ်များနှင့်ပါတ်သက်၍ငြင်းခုန်ရတတ်ပါတယ်။


(၂) ဂဏန်းသမားများ ( ၂၊ ၁၁၊ ၂၀၊ ၂၉) ရက်မွေးသူများ
 စီးပွားရေး နှင့်ငွေကြေးကံသင့်တင့်မျှတမှုရှိနေပြီးမိမိ၏ဝင်ငွေထွက်ငွေကိုမိမိကိုယ်တိုင်ထိန်းညှိ၍စီမံနိုင်ပါကပို၍အောင်မြငိနိုင်ပါလိမ့်မယ်။ပညာရေးတွင်မိမိလျှောက်လိုသောလမ်းကိုရွေးချယ်ပါကရှေ့လျှောက်ပို၍အဆင်ပြေနိုင်ပါတယ်။မိမိကိုယ်တိုင်စိတ်ပါဝင်စားသောလမ်းကြောင်းများကိုဦးစားပေးသင့်သောကာလဖြစ်ပါတယ်။ကျန်းမာရေး ကံကောင်းမွန်ပြီးမတော်တဆထိခိုက်မှုများနှင့်ရောဂါအခံရှိသူများသတ်ိပြုရပါမယ်။အချစ်ရေးတွင်တစ်ဖက်အပေါ်တစ်ဖက်ကအနိုင်ယူနေတတ်ပြီးလွှမ်းမိုးနိုင်တာတွေ့ရပါတယ်။အချင်းချင်း သူဖက်ကိုယ့်ဖက်တွေးပေးတတ်ရန်လိုအပ်ပါလိမ့်မယ်။

(၃) ဂဏန်းသမားများ ( ၃၊ ၁၂၊ ၂၁၊ ၃၀) ရက်မွေးသူများ
စီးပွားရေး နှင့်ငွေကြေးကံအသင့်အတင့်ရှိသော်လည်းဝင်ငွေထွက်ငွေညီနေသောကြောင့်သုံးစွဲမှုကိုချင့်ချိန်ရပါလိမ့်မယ်။လုပ်ငန်းရှင်များအနေနဲ့အခြားသောလူမှုရေးဆိုင်ရာအရှုပ်အရှင်းများကြောင့်စိတ်ရှုပ်ရတတ်ပါတယ်။ပညာရေးကံကောင်းမွန်ပြီးအုပ်စုဖွဲ့လုပ်ဆောင်ခြင်း  မိတ်ဆွေသူငယ်ချင်းများထံမှကောင်းကျိုးရရှိခြင်းစသောကောင်းမွန်မှုများနှင့်ကြုံတွေ့ရနိုင်ပါတယ်။ကျန်းမာရေး အနေနဲ့အာရုံကြောနှင့်ပါတ်သက်သောရောဂါများသတိပြုရပါမယ်။အချစ်ရေးနှင့်ပါတ်သက်၍စိတ်အလိုမကျဖြစ်နေတတ်ပြီးသူ့ဘက်ကိုယ့်ဘက်အပြိုင်အဆိုင်တင်းမာမှုများဖြစ်နေတတ်သောကြောင့်မိမိ၏စိတ်ခံစားချက်နှင့်ဦး‌ေနှာက်ကိုမျှတစွာတွေးခေါ်ရန်လိုအပ်လိမ့်မယ်။


(၄)ဂဏန်းသမားများ  (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးသူများ
စီးပွားရေး နှင့်ငွေကြေးကံအသင့်အတင့်ရှိပြီးရွေးချယ်မှုတခုနှင့်တခုကြားသတိပြုရန်လိုပါလိမ့်မယ်။ငွေကြေးနှင့်ပါတ်သက်၍စကားပြောရသည့်အခါညှိနှိုင်ူမှုများပြုလုပ်ရပါလိမ့်မယ်။ပညာရေးတွင်နိုင်ငံခြားကံကောင်းမွန်ပြီးရွေးချယ်စရာများတတ်သော်လည်းဆုံးဖြတ်ချက်မှားတတ်သောကြောင့်သတိပြုရန်လိုအပ်ပါတယ်။ကျန်းမာရေး တွင်မျက်စိနှင့်အာရုံကြောဆိုငိရာရောဂါများနှင့်ပါတ်သက်၍သတိပြုရပါမယ်။အချစ်ရေးတွင်တဖက်ဖက်ကပြိုင်ဘက်ပေါ်လာတတ်ပြီးရှေ့ဆက်ရန်တွေဝေနေတတ်ပါတယ်။စိတ်ဖိစီးမှုများနေတတ်သောကြောင့်ဆုံးဖြတ်ချက်များမမှားယွင်းစေရန်သတိပြုရပါလိမ့်မယ်။


(၅) ဂဏန်းသမားများ (၅၊ ၁၄၊ ၂၃) ရက်မွေးသူများ
စီးပွားရေး နှင့်ငွေကြေးကံအတက်အကျများပြီးမထင်မှတ်ထားသောအခါများတွင်ဝင်ငွေရရှိတတ်သော်လည်းတခါတရံမိမိအားထုတ်သလောက်မဖြစ်ထွန်းနိုင်သောအရာများလည်းရှိတတ်ပါတယ်။ပညာရေးကံကောင်းမွနိပြီးအခွင့်အရေးကောင်းများရရှိနိုင်ပါတယ်။သိုရာတွင်မိမိစိတ်အာရုံပျံ့လွှင့်ခြင်း မပြတ်သားခြင်း အတွေးများခြင်း တို့ကြောင့် အခက်အခဲကြုံရတတ်ပါတယ်။ကျန်းမာရေး အနေဖြင့်ကောင်းမွန်ပြီးမတော်တဆထိခိုက်ရှနာမျိုးသတိပြုရန်လိုပါလိမ့်မယ်။ရောဂါအခံရှိသူများကမျက်စိနှင့်အရိုးအဆစ်ကိုက်ခဲခြင်းကိုဂရုစ်ုက်ရပါမယ်။အချစ်ရေးတွင်ကံအသင့်အတင့်ကောင်မွန်ပြီးမိမိ၏မာနကြောင့်နားလည်မှုလွဲခြင်း စကားများခြင်းများ ဖြစ်တတ်သည်ကိုသတိပြုရပါမယ်။

#tarotqueen