19 ပတ် - ဘာသာပြန်ပါ။

ဟုမ္မလင်းမြို့ အရှေ့ဘက် မိုင် ၄၀ ကျော်အကွာနေရာမှာ အင်အား ရစ်(ခ်)တာစကေး (၄.၉) အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်

ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ရဲ့ အရှေ့ဘက် မိုင် ၄၀ ကျော်အကွာနေရာမှာ အင်အား ရစ်(ခ်)တာစကေး (၄.၉) အဆင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။

အင်အားအနည်းငယ်ရှိတဲ့ အဆိုပါမြေငလျင်ဟာ ဒီကနေ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁) နာရီ၊ (၀၂) မိနစ်၊ (၃၈) စက္ကန့် အချိန်က လှုပ်ရှားသွားခဲ့တာလို့ဆိုပါတယ်။

လှုပ်ရှားသွားတဲ့ နေရာကတော့ တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၉၂) မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း (ဟုမ္မလင်းမြို့ရဲ့ အရှေ့ဘက် (၄၂) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၉၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၅၇) ဒီဂရီ၊ အနက် (၁၅၀) ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ရှားသွားခဲ့တာလို့လည်း မိုး/ဇလရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

#centralnewsnaypyitaw

image