မည်သူမဆို အလွယ်တကူ
အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့
ဗနီလာရေခဲမုန့်ကို လုပ်လိုရပါတယ်
ဒီနေ့တော့ ဒီနည်းလမ်းလေးကို
ဝေမျှပေးလိုက်ပါတယ်ဗျ... 😍
ပါဝင်ပစ္စည်း
နွားနို ခွက် ၁ ခွက်စာ(၂၅၀ မီလီလီတာ)
သကြားခွက်တဝက် (၁၂၅ မီလီလီတာ)
ပြောင်းဖူးမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
-နွားနို၊ သကြား၊ ပြောင်းဖူးမှုန့်
ဒယ်အိုးထဲသို ထည့်ပြီးမွှေပါ
-အရည်ပျစ်လာတဲ့အထိ ကျိုပေးပါ
-အပူလျော့တဲ့အထိနည်းနည်းအပြင်မှာအအေးခံထားပါ
-ကျိုထားတဲ့အရည်ကို မွှေစက်ထဲသိုထည့်ပြီးနောက် နိုမှုန့်တစ်ထုပ်ထပ်ထည့်ပါ
-စက်ဖြင့်မွှေပေးပါ ပြီးလျှင် ဗနီလာအဆီထည့်ပြီး ထပ်မွှေပေးပါ
-ရလာတဲ့ မုန့်အနှစ်ကို ခွက်တခုထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ
တစ်ညခန့်ထားထားပါ
နောက်ဆုံးမှာ အရသာရှိတဲ့ ဗနီလာ ရေခဲမုန့်လေးရပါပြီ
🍨🍨🍨
#မြိန်မြိန်
