19 ပတ် - ဘာသာပြန်ပါ။

အရမ်းကြီး သိပ်မတောင်းဆိုပါဘူး။
ကိုယ်ဟာ သန်မာတယ်လို့ ထင်ရပေမဲ့
တစ်ခါတစ်ခါ တစ်ယောက်ထဲ ပြိုလဲနေတတ်တဲ့
လူတစ်မျိုးထဲမှာပါတယ် ။
ဒါ့ကြောင့် ကိုယ့်မှာ ၀မ်းနည်းစရာတွေရှိလာတဲ့အခါတိုင်း
ကိုယ့်ကို နှစ်သိမ့်ပေးစေချင်တာ။
ဒီကြားထဲ ကိုယ်ကအားငယ်လိုက်ပြန်သေးတယ်။
ကိုယ်နာကျင်နေရတဲ့အကြောင်းတွေကို
ဘယ်သူ့ကိုမှ အသိမပေးပဲ တစ်ယောက်ထဲ
ခံစားနေတတ်တာပါ။
အဲ့ဒီ့အချိန် ကိုယ့်ဘေးနားမှာ ရပ်တည်ပေးရင်း
ကိုယ့်အတွက် ရှိပေးစေချင်တာ။
ကိုယ့်အတွက် အမြဲတမ်းကြီး အချိန်ပေးနေရမယ်လို့
မဆိုလိုပါဘူး။
မင်းအတွက်လည်း လွတ်လွတ်လပ်လပ်နေနေ
နေရမဲ့ အချိန်လေးတွေလိုချင်မှာပေါ့။
ကိုယ့်ကို အပိုတွေအရမ်းလုပ်ပြရင်း
ချစ်ပြနေဖို့လည်း မလိုပါဘူး။
ကိုယ့်အပေါ် စိတ်ရင်းမှန်နဲ့ ချစ်ပေးရင်း
သစ္စာ စောင့်သိပေးနေရင်ကို ကျေနပ်ပါပြီ။
အလုပ်တွေမှာ အဆင်မပြေခဲ့တဲ့ အချိန်တွေရှိမယ်။
အရောင်းပြောင်းလွယ်တဲ့ လူတွေကြား
စိတ်တွေ ညစ်ညူးခဲ့ရတာတွေရှိတယ် ။
အဲ့ဒီ့အချိန် ကိုယ်က သူ့ဆီမှာ ရင်ဖွင့်ချင်တာ။
သူရင်ခွင်လေးထဲကို ခို၀င်ပြီးတော့
အားအင်တွေ ပြန်ယူချင်မိတာ။
ကိုယ်စိတ်ကောက္မိတာတွေရှိမယ် ။
ကိုယ်ဆိုးမိတာတွေ ရှိတယ် ။
ကိုယ့်ရဲ့ darksideတွေကိုလည်း
နားလည်ပေးစေချင်မိပါတယ်။
®ခဲတံ®
#crd

image