အပျင်းပြေသရေစာအဖြစ်ကိုယ်တိုင်လုပ်စားလို့လဲလွယ်တဲ့နာနတ်သီးယိုထိုးနည်းလေး
အသီးတွေထဲမှာ ယိုထိုးဖိုအလွယ်ဆုံးက နာနတ်သီးပဲလိုထင်ပါတယ် နာနတ်ယိုထိုးဖိုအတွက်ဆို နာနတ်သီး သကြား ဆားအနည်းငယ်ပဲလိုပါတယ် ပထမဆုံး နာနတ်သီးကိုအခွံခွာ အမြှောင်းသေးသေးလေးတွေလှီးပြီးတော့ သကြားကို အဆင်ပြေသလို အချိုကြိုက်ရင်ပိုထည့် အချိုမကြိုက်ရင်လျော့ထည့် ကိုယ့်အကြိုက်ကွက်တိကျမကျမြည်းပြီးထည့်ပါတယ် နောက်ပြီး ဆားအနည်းငယ်ထည့် ရေမြုပ်အောင်ထည့်ပြီး နာနတ်သီးတွေမကြေမချင်း မီးအေးအေးနဲ့တည်ထားလိုက်ရုံပါပဲ ။ နာနတ်သီးတွေကြေသွားတဲ့အခါမှ ရေခမ်းပြီးသကြားအစေးပေါက်တဲ့အထိထားလိုက်ရင် ချဥ်ချဥ်ချိုချို နာနတ်သီးယိုလေးရပြီပေါ့။
#မြိန်မြိန်
