ချဉ်ချဉ်ငံငံစပ်စပ်လေး စားချင်သူများအတွက် ကြက်သားမွန်ချက်

လွယ်ကူပြီး စားလို့ကောင်းတဲ့ ဟင်းအမယ်လေးပါရှင်။
မရမ်းပြားခြောက်ထည့်ထားတာရယ် သောက်ဆမ်းဟင်းရည်လေးဆိုတော့ ထမင်းစားလို့ မြိန်ပါတယ်။ ဆီကိုလည်း ပါလေကာပဲထည့်ထားတဲ့အတွက် ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။

ကိုယ်အလေးချိန်လျှော့ချချင်တဲ့သူငယ်ချင်းတွေကတော့ ဆီလုံး၀မထည့်ပဲ လုံးချက် ချက်ပြီး စားလို့ရပါတယ်။

Ingredients:
ကြက်သား ၂၅ကျပ်သား
ငရုတ်သီးအစိမ်းမှုန့် ထမင်းစားဇွန်း ၁ဇွန်း
စိမ်းစားငပိ အနည်းငယ် (သို့) ငါးငံပြာရည် ထမင်းစားဇွန်း ၂ဇွန်း
ကြက်သွန်နီ ၃ဥ
ကြက်သွန်ဖြူ ၅မွှာ
ချင်း အနည်းငယ်
နနွင်းမှုန့် အနည်းငယ်
စပါးလင် ၂ပင်
ဆား အနည်းငယ်
မရမ်းပြားခြောက် ၅ပြား (လိုသလောက်)
ငရုတ်သီးစိမ်း မနည်းငယ်
နံနံပင် အနည်းငယ်
ဆီ အနည်းငယ်

Preparation Method:
၁) ကြက်သားကို ရေဆေး၊ အနေတော် ခုတ်ထစ်ပြီး ဆာ၊ နနွင်းဖြင့် နယ်ပါ။ မရမ်းပြားခြောက်တွေကို ရေဆေးပြီး ရေအနည်းငယ်ဖြင့် စိမ်ပါ။
၂) ကြက်သွန်ဖြူ၊နီ၊ ချင်း၊ ငရုတ်သီးအစိမ်းမှုန့်တို့ကို ညက်အောင် ထောင်းပါ။ စပါးလင်တွေကို ထုပြီး ထုံးပါ။
၃) အိုးထဲကို ဆီအနည်းငယ် ထည့်ပြီး ဆူလာလျှင် စပါးလင်ထည့်ပါ။ ကြက်သွန်ထောင်းကို ဆက်ထည့်ပါ။ ကြက်သားထည့်ပါ။
၄) ကြက်သားထဲမှ ရေကုန်သည်အထိ လုံးပါ။ အသားကျစ်သွားလျှင် ရေနွေးကို အသားမြုပ်ရုံထည့်ပြီး ဆက်တည်ပါ။ တစ်ပွက်ဆူလာလျှင် မရမ်းပြားခြောက် ထည့်ပါ။ ငါးငံပြာရည် ထည့်ပါ။ ဟင်းရည်အတွက် ရေနွေးလိုသလောက် ထည့်ပြီး အရသာပေါ့အငန် ပြင်ပါ။
၅) ဟင်းရည်အနေတော် ရပြီဆိုလျှင် ပန်းကန်ထဲ ခပ်ထည့်ပြီး ငရုတ်သီးစိမ်းနှင့် နံနံပင်ကို ညှပ်ထည့်ပါ။

ပူပူနွေးနွေး ရှူးရှဲ သောက်ဆမ်းဟင်းရည်လေး သုံးဆောင်လို့ရပါပြီရှင်။

image