၂၀၂၄ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရေးအတွက် ဒုတိယအကြိမ် အကဲဖြတ်ကြည့်ရှုမယ့် ဇာတ်ကား ၁၈ ကားစာရင်းထွက်ရှိလာ

ဇန်နဝါရီ ၃

၂၀၂၄ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရေးအတွက် ဒုတိယအကြိမ် အကဲဖြတ်ကြည့်ရှုမယ့် ဇာတ်ကား ၁၈ ကားစာရင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တရားဝင်ကြေညာခဲ့ပါတယ်။

“ကျွန်တော်တို့တွေက ၂၀၂၄ ခုနှစ်အတွက် အကယ်ဒမီအတွက် ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ၄၉ ကား ပထမအကြိမ် ကြည့်ရှုပြီးခဲ့ပါပြီ။ ခုကတော့ ဒုတိယအကြိမ် ကြည့်ရှုမယ့် ဇာတ်ကား ၁၈ ကားကို ဒီလထဲမှာ ထပ်မံကြည့်ရှူကြမှာဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတစ်ဦးက MT Entertainment ကို ပြောပါတယ်။

မကြာခင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပပြုလုပ်သွားမယ့် ၂၀၂၄ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို နေပြည်တော်မှာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

ဒုတိယအကြိမ် အကဲဖြတ်ကြည့်ရှုမယ့် ဇာတ်ကား ၁၈ ကားစာရင်းတွေကတော့ ဘိုးတော်ကင်း၊ ချစ်သူသည်သာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်၊ အစိုးမရ အနတ္တ၊ ယောက်ျားကောင်းအတောင်နှစ်ဆယ်၊ သံယောဇဉ်တွေသာ ကျည်ဆံတွေဖြစ်ခဲ့ရင်၊ တခုတ်တရ၊ ဖုန်းရွှေ၊ မိတင်စိန်၊ နို့ထမင်း၊ စိတ်ကကြိုး၊ မီး၊ အရက်စက်ဆုံးအနမ်း၊ သဘင်သည်မြနှင်းဆီ၊ နှောင်၊ မရဲ့အေးခဲသွားကြသူများ၊ အိပ်မက်ကာရန်၊ တိမ်ပန်းချီ နဲ့ မေတ္တာ တို့ ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။

ပထမအကြိမ်မှာတော့ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားပေါင်း ၄၉ ကားကို ကြည့်ရှုစစ်ဆေးခဲ့တာလည်းဖြစ်ပြီး ယခု ဒုတိယအကြိမ်အကဲဖြတ်တွေအနေနဲ့ ဇာတ်ကားပေါင်း ၁၈ ကားကို ဆက်လက်ကြည့်ရှု အကဲဖြတ်အမှတ်ပေးကြမှာဖြစ်ပါတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image