ပျဉ်းမနားမြို့နယ် အာဟာရသုခဈေးလမ်းဆုံရှိ လုံခြုံရေးဂိတ်အနီးတွင် ပင်ဖြုတ်ထားသော်လည်း မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံးတွေ့
ဇန်နဝါရီ ၂
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ မြို့ရှောင်လမ်းဘေး၊ အာဟာရသုခဈေးလမ်းဆုံရှိ လုံခြုံရေးဂိတ်အနီးတွင် ပင်ဖြုတ်ထားသော်လည်း မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့သည်။
ဇန်နဝါရီလ (၁)ရက် နံနက် (၁၁)ခွဲအချိန်က အာဟာရသုခဈေးလမ်းဆုံရှိ ရဲကင်းအိပ်ဆောင်ဘေး အိမ်သာအနီးတွင် ပင်ဖြုတ်ထားသော်လည်း မပေါက်ကွဲသေးသည့် MG1 အမျိုးအစား လက်ပစ်ဗုံး(၁)လုံး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ လက်ပစ်ဗုံးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သက်မဲ့ပြုလုပ်၍ ရှင်းလင်းခဲ့ရာတွင် ရိုက်တံ အ ၍ မပေါက်ကွဲခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
#သတင်းဟင်းလေးအိုးကြီး
