20 ပတ် - ဘာသာပြန်ပါ။

ခပ်မိုက်မိုက်နဲ့ ကြည့်လို့အရမ်းကောင်းတဲ့ Raya ကာတွန်းကားလေး❤️
Raya and the Last Dragon (2021)
ဟိုးရှေးရှေးတုန်းကပေါ့ဗျာ …..
ပုံပြင်ဆိုတော့ ဒီလိုပဲ စရမယ်လေနော့်။
ကူမန်ဒြာ ဆိုတဲ့ တိုင်းပြည်မှာ လူတွေရယ် နဂါးတွေ ရယ် အတူတူ နေကြသတဲ့။
တစ်နေ့မှာတော့ ဒရွန်း ဆိုတဲ့ ကျောက်ရုပ်ဖြစ်စေနိုင်တဲ့ မိစ္ဆာတွေက လာရောက်အနိုင်ကျင့်ကြတဲ့အခါမှတော့ …… နဂါးတွေက လူတွေကို ကူညီတို*က်ခို*က်ပေးကြပါတယ်။
နဂါးတွေရဲ့ အစွမ်းတွေ စုထားတဲ့ ရတနာနဲ့ ဒရွန်း မိစ္ဆာတွေကို အနိုင်တိုက်နိုင်ခဲ့ပါတယ်။ဒါပေမယ့် ကူညီတဲ့ နဂါးတွေအားလုံး ကျောက်ရုပ်တွေ ဖြစ်သွားကြပြီး နဂါးတစ်ကောင်ကတော့ရှင်ကျန်နေရစ်ခဲ့ပါတယ်။
ကူမန်ဒြာ တိုင်းပြည်ကြီးလည်း လူမျိုးစု ၅ စု ကွဲသွားသလို ရတနာကလည်း၅ ပိုင်း ကွဲသွားခဲ့ပါတယ်။နောက် နှစ် ၅၀၀ အကြာမှာတော့ ဒရွန်းတွေ ပြန်ပေါ်လာခဲ့ပါတယ်။
နှလုံးသားမျိုးနွယ်စု ခေါင်းဆောင်ရဲ့သမီးလေး ရာယာ က နောက်ဆုံးကျန်ခဲ့တဲ့ နဂါး ကို ရှာဖွေပြီး ဒရွန်းတွေကို နှိမ်နင်းဖို့ ကြိုးစားတဲ့အခါမှာတော့....
IMDb – 7.8/10 ရထားတဲ့ Animation ကားကောင်း တစ်ကားလည်း ဖြစ်ပါတယ်။
ဝေါ့ဒစ္စနေး ရဲ့ အခင်းအကျင်းတွေအတိုင်း နောက်ခံတေးဂီတကောင်းကောင်း၊ အထူးပြုလုပ်ချက်ကောင်းတွေနဲ့ဆိုတော့ ကြည့်ရတာ အတော်ကောင်းတဲ့ ကာတွန်းကားပဲ ဖြစ်ပါတယ်။
#movie

image