20 ပတ် - ဘာသာပြန်ပါ။

ထရမ့်ဟိုတယ်အနီးတွင် ဆိုက်ဘာထရပ်ကား ပေါက်ကွဲမှုဖြစ်
-------------------------
အမေရိကန်နိုင်ငံ နီဗာဒါးပြည်နယ် လတ်စ်ဗီးဂတ်စ်မှာရှိတဲ့ ထရမ့်ဟိုတယ်အနီး လောင်စာတွေ၊ မီးရှူးမီးပန်းတွေ ထည့်ထားတဲ့ တက်စလာ ဆိုက်ဘာထရပ်ကားတစ်စီး ပေါက်ကွဲမှုဖြစ်စဉ်ကို ရဲတွေက စုံစမ်းစစ်ဆေးနေပါတယ်။ ဗုဒ္ဓဟူးနေ့မှာဖြစ်ပွားတဲ့ အဲဒီ တက်စလာ ဆိုက်ဘာထရပ်ကား ပေါက်ကွဲမှုအတွင်း ယာဉ်မောင်းသေဆုံးပြီး လူ(၇) ယောက် ဒဏ်ရာရထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီကားဟာ ကော်လိုရာဒိုပြည်နယ်ကနေ ငှားရမ်းလာ တဲ့ ကားဖြစ်ပြီး လတ်စ်ဗီးဂတ်စ်မြို့ကို ဗုဒ္ဓဟူးနေ့ မနက် ပိုင်းမှာ ရောက်ရှိလာတာပါ။ အဲဒီလိုရောက်ရှိပြီး (၂)နာရီ ခန့် အကြာမှာပဲ ဖောက်ခွဲမှုဖြစ်ပွားတာလို့ ရဲတွေက ပြောပါတယ်။ ကားကို ထရမ့်ဟိုတယ် ဝင်ပေါက်အနီး ရပ်ထား ရာမှာ ကားနေ မီးခိုးတွေ စထွက်လာပြီးနောက် ပေါက်ကွဲသွားခဲ့တာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ညနေ ပိုင်း သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အိမ်ဖြူတော် အနေနဲ့ ဖြစ်စဉ်ကို စောင့်ကြည့် လေ့လာနေပြီး တရားဥပဒေစိုးမိုးရေးအတွက်လည်း အာဏာပိုင်တွေက တက်စ လာ ဆိုက်ဘာထရပ်ကား ဖောက် ခွဲမှုနဲ့ နယူးအော်လင်းက တိုက်ခိုက်မှုကြား ဆက်စပ်မှု ရှိမရှိ ဆိုတာကို စုံစမ်း စစ်ဆေးနေတယ်လို့ ပြောပါတယ်။

image