အလွယ်ကူဆုံးနဲ့အရသာရှိတဲ့ပေါင်မုန့် ပူတင်းလေးလုပ်စားရအောင်..
ပါဝင်ပစ္စည်းတွေကတော့....
နွားနို.250 ml
ပေါင်မုန့် အနားသားဖယ်ထားတာ.3ချပ်
ကြက်ဥ..3 လုံး
နိုမှုန့်.. 1 ထုတ်
ဂျူံ..ထမင်းစားဇွန်း 1 ဇွန်း
သကြား.. ထမင်းစားဇွန်း 2 ဇွန်း
(အချို အရသာက မြည်းကြည့်ပီး ပြင်လိုရပါတယ်နော် ဇွန်းအမောက်ကြီး မဟုတ်ပါ)
ပါဝင် ပစ္စည်း အားလုံးကို ထည့်ပီး ကြိတ်စက်နဲ့ ကြိတ်ပေးပါ..
သကြား ထမင်းစားဇွန်း 4 ဇွန်းကို ရေ မထည့်ဘဲ အရင်အပူပေးပါ.. မွှေစရာမလိုပါဘူးဗျ အိုးလေးကိုတော့ လှူပ်ပေးနော် 😁သကြားအရည်ပျော်ပီး ညိုလာပီဆိုမှ ရေ တစ်ဇွန်းလောက်ထည့်ပီး မွှေပါ..(တူးတက်လို သတိတော့ထားပေးပါနော် 😁)
လိုချင်တဲ့ အပျစ်ရရင်ပေါင်းမဲ့ ပန်းကန်ထဲ ထည့်ပီး အအေးခံပါ.
ပီးရင်တော့ ကြိတ်ထားတဲ့ ပူတင်းအရည်ကို ထည့်ပီး မီးအေးအေးနဲ့ နာရီဝက် ပေါင်းရပါမယ်ရှင့် .
အချိန်ပြည့်လို ကျတ် မကျတ် သိရအောင် အလည်နေရာကို အချွန်တစ်ခုခုနဲ့ ထိုးကြည့်လို ဘာမှ ကပ်ပါမလာရင် ကျက်ပါပီနော်
ကျတ်ရင် အအေးခံပီးမှ.. အနားသားလေးကို ဓားနဲ့ အရာပေးခွာပီးပန်းကန်တစ်ခုထဲကို မှောက်ထည့်လိုက်ရင် ခုလိုလေး ရပါပြီဗျ။
#crdphoto

image