20 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်ကနေ ၂ နာရီမောင်းရုံနဲ့ ရောက်တဲ့ Cottage လှလှလေးတွေနဲ့ Resort အသစ် 🏡✨
နာမည်က လန်း *Lann Cottage Resort And Spa* တဲ့... ရန်ကုန် - ပုသိမ်လမ်းမပေါ် ပန်းတနော်မြို့ အဝင်လေးတင်ပဲ... ဒီ Resort ရဲ့ အားသာချက်တစ်ခုက Day ရော Night ရော ကြိုက်တာ ရွေးတည်းလို့ရတဲ့အတွက် ညမအိပ်ဘဲ Day Trip သွားမယ်ဆိုလည်း အဆင်ပြေတယ်... စျေးနှုန်းအနေနဲ့ ကိုယ်နေမယ့် Cottage အမျိုးအစားပေါ်မူတည်ပြီး ရွေးချယ် တည်းနိုင်ပါတယ်။
Lann Resort မှာ ဘာတွေရှိလဲ?
- ကလေးကစားကွင်း
- Car Racing Playground
- Watersport Activities
- Outdoor Movie
- Unplugged Time
- Basketball Machine
- Doll Machine
- Tennis
- Claws
- Arrow Shooting
- Boat Riding
- Activityအသစ်လေးတွေလည်းရှိနေပါတယ်နော် ဒါလေးကတော့ မြေအိုးလေးတွေကိုယ်တိုင်ဆေးချယ်ပြီး ဝယ်လို့ရနေပြီနော်။
Free Activitiesတွေအနေနဲ့ရော ဘာတွေရနိုင်မလဲ?
- UNO
- Chess
- စက်ဘီးစီး
- စွန်လွှတ်
- ကြက်တောင်ရိုက် ကစားနည်းအများကြီးရှိတယ်နော်။
အခန်းအမျိုးအစားများ
================
• Lake View Cottage •
ရှေ့မှာကန်ရေပြင်အကြီးကြီးရှိပြီး၄ ယောက်ထိ နေလို့ရပြီးတော့ Lake ရော Garden View ရော မြင်ရပါတယ်...လှေဆိပ်လေးတွေပါရှိနေတော့ လှေပါအခမဲ့စီးခွင်းရမှာပါနော် သူ့ရဲ့ Cottageလေးတွေ အားလုံးက ဝါးကို အဓိကအသုံးပြုပြီးဆောက်ထားတာ... နေ့လည်ဘက်ဆို အိမ်အောက်မှာ ပုခက်လေးနဲ့ ရေကူးကန်လေးနဲ့ တအား Chill လို့ကောင်းတယ်... စျေးနှုန်းကတော့ မနက်စာအပါ တစ်ည ၉၅၀၀၀ကျပ်ပါ Day Use ပဲဆို ပိုပြီး သက်သာပါတယ်...။
• Forest Cottage •
Cottage တွေထဲမှာ အကြီးဆုံးနဲ့ ဝါးပင်လေးတွေနဲ့တွဲဆောက်ထားပြီးလူ ၈ ယောက်ထိ နေလို့ရပါတယ် ဝါးနံ့လေးတွေနဲ့အတူ vibesလေးကိုရရှိမှာဖြစ်ပါတယ်Private Pool ပါပြီး သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး အေးဆေး Chill လို့ကောင်းတဲ့ အခန်းပါ... သူက ၃ ဦးစာအတွက် တစ်ညကို 100,000ကျပ်ကျပြီး တစ်ဦးထပ်တိုးရင် extra charges ထပ်ပေးပြီးနေလို့ရတယ်နော်။
• Tarzan Cottage •
သစ်ပင်ပေါ်မှာ အိမ်လေးနဲ့ နေရတဲ့ အတွေ့အကြုံမျိုး လိုချင်ရင်တော့ ဒီအခန်းလေးမှာ တည်းလို့ရတယ်... အခန်းထဲမှာလည်း သစ်လုံးလေးတွေနဲ့ တကယ်ကို မရဖူးတဲ့ Vibe မျိုးလေးပေါ့... သူက တစ်ညစာ မနက်စာအပါအဝင် 80,000ကျပ်ပါ...။Extra personအတွက် charges လေးပေးပြီးထပ်နေလို့ရပါသေးတယ်နော်။
• Creek Cottage
အဓိက Creek Viewကိုအသားပေးထားပြီး ငါးကန်ကြီးနဲ့အတူသဘာဝရှုခင်းတွေကိုခံစားနိုင်စေမှာပါ အပေါ်ထပ်မှာဆောက်ထားတဲ့ ပိုက်ပခက်လေးပေါ်မှာလည်း စာအုပ်ဖတ်ပြီးအေးအေးဆေးဆေး chillလို့ကောင်းနေမှာပါနော်။သူကလည်း၂ယောက်ကို တစ်ည 85,000ကျပ်နဲ့ တည်းလို့ရနေပါပြီ။
Cottage အားလုံးရဲ့အားသာချက်ကတော့ private poolလေးတွေ သီးသန့်ပါရှိတာပဲဖြစ်ပါတယ်။✨
နောက်ထပ်တခုအနေနဲ့ Unpluggedပါပါရှိပါတယ်သူကတော့ ကိုယ်တိုင်လည်းတက်ဆိုလို့ရပါတယ်နော်။
Movie Areaဆိုတဲ့နေရာလေးမှာလည်း တနေ့တမျိုးမရိုးအောင် movie တွေပြပေးနေပါတယ်နော် သားသားမီးမီးတို့းအကြိုက် ကာတွန်း Horror Comedy Romantic စုံလင်စွာလည်းပြသပေးနေပါတယ်။🤩
Lann ရဲ့ အခန်းအားလုံးမှာ AC ပါပြီး လျှပ်စစ်မီးကတော့ နေ့လည် ၁ ကနေ ၃ နာရီ၊ ညနေ ၆ ကနေ နောက်နေ့မနက် ၆ အထိ ပေးပါတယ်... Day Use အတွက် မနက် ၈ ကနေ ညနေ ၄ နာရီဖြစ်ပြီး Night ဧည့်သည်တွေအတွက်ကတော့ Check-in အချိန် နေ့လည် ၁ နာရီကနေ နောက်နေ့ နေ့လည် ၁၂ ထိပဲဖြစ်ပါတယ်။
Cottage အတွက် Booking တင်မယ်ဆိုရင်တော့ Lann Cottage Resort & Spa Page Chat Box နဲ့ 09 7657 66521 ကို ဆက်သွယ်လို့ ရပါတယ်လို့...။
#သွားမယ်&တည်းမယ်

imageimage
+10