ကြက်ခြေထောက်တုန်ယမ်းချဉ်စပ်

ပါ၀င်ပစ္စည်းတွေက
တုန်ယမ်းအနှစ်
မှို
တို့ဟူး
ကြက်ခြေထောက်
နံနံ ပင်အမျှစ်
ရှောက်ရွက်
သံပုရာသီး
ငရုတ်သီး စိမ်း
စပါးလင်
ငုံးဥ....
ငါးငံပြာရည်
အုန်းနို့ ....သို့မဟုတ် နို့စိမ်း

ပြုလုပ်နည်း
ကြက်ခြေထောက် ကို ရှာလကာရည်
စပါးလင် နံန့ပင် .မှို
ရေအိုးတ၀က် ခန့် ထည့်ပီး ပြုတ်ထားပေးပါ မိနစ် ၂၀ခန့် (ရှာလကာရည်ထည့်တာ ကြက်ခြေထောက်ကို ဝါးလိုက်ရင် ချဉ် နေတဲ့အရသာ ကြိုက်လို့ပါ မကြိုက်ပါက မထည့် ပါနှင့်).
ပြုတ်ထားသော ကြက်ခြေထောက် နူးလာပါက
တုန်ယမ်း အနှစ် ထည့် ပေးပါပီး လျှင် ငါးငံပြာရည်
ငုံးဥ ငရုတ်သီး စိမ်း အုန်းနို့ ထည့်ပီ းပါက
တို့ဟူး ထည့် တို့ဟူးထည့်ပီးလျှင် အရမ်းမမွှေပါနှင့်
အရသာအပေါ့ အငံ မြည်းပီးလျှင် ရှောက်ရွက် ထည့်
သံပုရာရည် အနည် ထည့်ပီးရင် ရပါပီ
အရသာရှိသော ကြက်ခြေထောက် တုန်းယမ်း ချဉ်စပ်
အလွယ်တကူ ချက်စားနိုင်ကြပါစေ....
(ရှောက်ရွက်.. သံပုရာရည် ကို မိမိစားတော့မည်ဆိုမှထည့်ပေးပါ မစားသေးခင် အကြာကြီး ထည့်ထားလျှင်
ဟင်းရည် အရသာ ခါးတတ်လို့ ပါ)

Credit - Naw Phyu Phyu

image