20 w - Translate

(၇)ရက်သား\သမီးအဟောများ
တနင်္ဂနွေသား သမီးများ
လုပ်ငန်း\ ငွေကြေးခက်ခဲကြပ်တည်းမှုများ ကြုံနေရတတ်မည်။ ကျန်းမာရေးသင့်တင့်စွာကောင်းမွန်နေပါမည်။ အချစ်ရေး အဆင်မပြေ ကြားလူနှောင့်ယှက်မှုကြုံနေရတတ်ပါသည်။ အိမ်ထောင်ရေး မရေရာ မသေချာကွဲကွာရန်အခြေအနေမျိုး ကြုံရတတ်၍ သတိပြုပါ။ ပညာရေး ကြိုးစားသလောက် အောင်မြင်မှုမရဖြစ်နေတတ်သလို ကြိုးစားလိုစိတ်မျိုးလည်း ပျောက်ဆုံးနေတတ်မည်။
ယတြာ.. ဘုရားတစ်ဆူတွင် မွေးနေ့ မွန်းလွဲပိုင်း၌ လျှပ်စစ်မီးပူဇော်ရန် အလှူငွေ ထဲ့ပေးပါ။
တနင်္လာသား/သမီး
လုပ်ငန်းတွင် ထစ်ငေါ့ နှောင့်နှေးမှုအချို့ ကြုံနေရတတ်သော်လည်း..ငွေကြေးပိုင်း အဆင်ပြေတိုးတက်မှုမျိုးကြုံရမည်။ ကျန်းမာရေးတွင် အစာအိမ်၊ အသည်း၊ ဝမ်းဗိုက်ပိုင်း ပြဿနာပေါ်တတ်မည်။ အချစ်ရေးအဆင်မပြေ လမ်းခွဲရန် ဖြစ်လာတတ်မည်။ အိမ်ထောင်ရေးအဆင်ပြေနေမည်။ ပညာရေးကြိုးစားးသလောက်အရာထင်မည်။ မထင်မှတ်ထားပဲ နိုင်ငံခြားအသိအမှတ်ပြုပညာသင်ရတတ်မည်။ နိုင်ငံခြားပညာသင်ခရီး ပေါ်လာတတ်မည်။
ယတြာ...... စေတီတစ်ဆူ၏ တနင်္လာထောင့်တွင် မွေးနေ့မွန်းလွဲပိုင်း၌ ကံ့ကော် (၁၅)ညွန့် လှူပေးပါ။
အင်္ဂါသား/သမီး
အလုပ်အဆင်ပြေစွာလည်ပတ်နေမည်။ငွေကြေးပိုင်း တိုးတက်ရရှိမှုအချို့ ရှိနေမည်။ကျန်းမာရေး ကောင်းမွန်နေတတ်သော်လည်း လေပွခြင်လေနာထခြင်းမျိုး ကြုံရတတ်မည်။ အချစ်ရေး အဆင်ပြေနေမည်။အိမ်ထောင်ရေးနားလည်မှုလွဲ၍ အခိုက်အတံ့ အဆင်မပြေဖ့စ်ရတတ်မည်။ပညာရေးပုံမှန်အနေအထားတွင်ရှိနေမည်ညမမျှော်လင့်ထားပဲ၊ပညာရေးအတွက် အထောက်အပံ့ ရရှိတတ်မည်။
ယတြာ... ဘုရား အင်္ဂါထောင့်တွင် မွေးနေ့ နံနကခပိုင်း၌ ဆီး(၈) ညွန့်လှူ၍လိုရာဆုတောင်းပါ။
ဗုဒ္ဓဟူးသား/သမီး
အလုပ်တွင် လက်အောက်ငယ်သားများ မညီညွတ်၍ နှောင့်နှေးထစ်ငေါ့မှု ကြုံရတတ်မည်။ငွေကြေးပိုင်းလည်း
ရစရာရှိသည်များ ကြန့်ကြာနေတတ်၍ အခိုက်အတံ့ ကြပ်တည်းနေတတ်မည်။ကျန်းမာရေး ယာယီ မအီမသာဖြစ်မှုမျိုးလောက်သာရှိမည်ညအမျိုးသမီးများ သွေးသားမမှန်ခြင်းမျိုးသတိပြုပါ။အချစ်ရေးလှေနံနှစ်ဖက်နင်းသလိုဖြစ်တတ်ပြီး လက်လွတ်သွားတတ်ခြင်းမျိုး ကြုံရတတ်မည်။အိမ်ထောင်ရေး တစ်ဘက်လူ၏ မူမမှန်မှု ကြုံရတတ်မည်။ပညာရေး အချစ်ရေးကြောင့် ပျက်ပြားတတ်မည်။သတိပြုပါ။
ယတြာ..... ဘုရား ဗုဒ္ဓဟူးထောင့်တွင်မွေးနေ့နံနက်ပိုင်း၌ ရေသန့် (၄) ဗူးအဖုံးဖွင့်၍ ကပ်လှူပေးပါ။
ကြာသပတေးသား/သမီး
အလုပ်အဆင်ပြေသော်လည်း စိတ်အားထက်သန်မှု မရှိဖြစ်နေတတ်မည်။ခရီးယာယီထွက်ပေးပါ။ငွေကြေးပိုင်း အထိုက်အလျောက် အဆင်ပြေနေမည်။အချစ်ရေး သာယာပျော်ရွှင်ရမည်။အိမ်ထောင်ရေး အဆင်မပြေ အိမ်ထောင်ဖက် နေအိမ်မှ ခေတ္တထွက်သွားတတ်မည်ည
ယတြာ... ကြာသပတေးနံနက်တွင်အိမ်ရှိဘုရားတွင် ဆီးယို(၈) ဇွန်း ပန်းကန်တစ်ချပ်တွင် ထဲ့၍ ကပ်လှူပေးပါ။
သောကြာသား/သမီး
လုပ်ငန်း အဆင်ပြေနေမည်။ပြဿနာအထူးမရှိပါ။ငွေကြေးပိုင်း သိသာသော တိုးတက်မှု ရရှိမည်။ကျန်းမာရေး အညံ့ရှိ၍ ဝမ်းပျက်ခြင်း၊အရေပြား၊အာရုံကေုာရောဂါထဲမှ သတိပြုပါ။အချစ်ရေး ပုံမှန်အနေအထားတွင်ရှိမည်။အိမ်ထောင်ရေး အဆင်မပြော၊စကားများရတတ်မည်။ပညာရေး ကြိုးစားသလောက် အောင်မြင်မည်။
ယတြာ... မွေးနေ့နံနက် ၁၁-၃၀ နာရီတွင် ဘုရားသောကြာထောင့်၌ ရေသက်စေ့ သပ္ပာယ်ပေးပါ။
စနေ သား/သမီး
အလုပ်/ငွေကြေး အထူးအောင်မြင်မှုရရှိမည်။ကျန်းမာရေး ဦးခေါင်းပိုင်းပြဿာပေါ်တတ်မည်။ချော်လဲ၍ အရိုးထိခိုက်ခြင်း သတိပြုပါ။အချစ်ရေး ပြဿနာအထူးမရှိပါ။ချစ်သူ၏သဝန်တို ချုပ်ချယ်ခြင်းမျိုး ကြုံရတတ်မည်။အိမ်ထောင်ရေး ပြဿနာ အထူးမရှိသော်လည်းအိမ်ထောင်ဖက် ကျန်းမာရေး ညံ့တတ်ခြင်း သတိပြုပါ။ပညာရေး အခိုက်အတန့်ပြတ်တောက်တတ်ခြင်း
သတိပြုပါ။
ယတြာ-- မွေးနေ့ နံနက်ပိုင်းတွင်အိမ်ရှိဘုရား၌ ထီးအနီ(၁၀) လက် လှူပေးပါ။
ဆရာဝင်းမင်း(B.Sc)