20 ပတ် - ဘာသာပြန်ပါ။

မန်ယူမှ ထွက်ခွာမည့်သတင်း အဓိပ္ပာယ်မရှိကြောင်း ရက်ရှ်ဖို့ဒ် ပြော

မန်ယူအသင်းကနေ ထွက်ခွာမယ့်သတင်းတွေအပေါ် အဓိပ္ပာယ်မရှိကြောင်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပြောသွားပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ ဘောလုံးသတင်းတင်ဆက်သူ ဟယ်ရီဝင့်တားနဲ့ အင်တာဗျူးမှာ စိန်ခေါ်မှု အသစ်တွေအတွက် မန်ယူကနေ ထွက်ခွာဖို့ အသင့်ရှိကြောင်းပြောခဲ့တယ်လို့ မီဒီယာတွေက ရေးသားခဲ့ကြတာပါ။

ရက်ရှ်ဖို့ဒ်ကတော့ အဲဒီသတင်းတွေက အဓိပ္ပာယ်မရှိကြောင်းနဲ့ ဘယ်သတင်းမီဒီယာနဲ့ အင်တာဗျူးမှာမှ အဲဒီလိုမပြောခဲ့ကြောင်း ပြန်လည်ရှင်းလင်းခဲ့တာပါ။

ဘယ်လို အားကစားအေဂျင်စီနဲ့မှ တွေ့ဆုံခဲ့တာမရှိသလို မန်ယူကနေ ထွက်ခွာဖို့ အစီအစဉ်လည်း မရှိကြောင်း ရှက်ရှ်ဖို့ဒ်က ပြောသွားပါတယ်။
Credit

image