20 w - Translate

ယောက်ျားတွေဘာကြောင့် ဘောလုံးပွဲကို အိမ်မှာမကြည့်ပဲ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တွေမှာ သွားကြည့်ကြတာလဲ။
မိန်းမ : ဒါကဘယ်လဲ။
ယောက်ျား : လက်ဖက်ရည်ဆိုင်.. ဘောပွဲသွားကြည့်မလို့။
မိန်းမ : အိမ်မှာကျွန်မနဲ့တူတူကြည့်လို့မရဘူးလား။
ယောက်ျား : ငါ့သူငယ်ချင်းတွေနဲ့ကြည့်ချင်လို့ပါ။
မိန်းမ : ကျွန်မက ရှင့်ဟာတွေလောက်အရေးမပါဘူးပေါ့လေ။
ယောကျ်ား : အေးပါ ဒါဆိုလည်းမသွားတော့ဘူး။
မိန်းမ : ဘာလို့ဂိုးသမားက အနက်ရောင်ဖြစ်နေတာလဲ။
ယောကျ်ား : သူ့အမေဆုံးသွားလို့။
မိန်းမ : ကြေညာတဲ့လူက ဘာလို့နာမည်တွေအကုန်သိနေတာလဲ။
ယောက်ျား : အဲဒါသူ့အလုပ်လေ။
မိန်းမ : ဂိုးပြီဟေ့...။
ယောကျ်ား : လူကျွံဘောကြီး။
မိန်းမ : လူကျွံဘောကြီးဆိုတာဘာလဲ။
ယောကျ်ား : ဘာမှမဟုတ်ဘူး ဂိုးတယ် ဟုတ်တယ်။
မိန်းမ : ဟုတ်ပြီ ဒါပေမဲ့ လူကျွံဘောကြီးကဘာလဲ။
ယောကျ်ား : နည်းပြနာမည်ပါ။
မိန်းမ : နည်းပြကဘယ်မှာလဲ။
ယောက်ျား : ကွင်းဘေးမှာလေ။
မိန်းမ : သူကဘာလို့ဝင်မကန်တာလဲ။
ယောက်ျား : သူကမကန်ဘူး၊ ကစားသမားတွေကို နည်းစနစ်တွေပဲပြပေးတာ။
မိန်းမ : အဲ့မှာ မာရာတိုနာ ပါသေးလား။
ယောကျ်ား : မာရာဒိုနာက ဆုံးပြီလေ။
မိန်းမ : ဟယ်ဟုတ်လား... ဘယ်လိုဖြစ်တာလဲ။
ယောက်ျား : သူ့မိန်းမနဲ့ ဘောလုံးပွဲတူတူကြည့်မိလို့ ပြောတာပဲ။
မိန်းမ : +x+x*%^xxx
(ဘာသာပြန်)
Credit to Original.

image