နှစ်သစ်ကို အနိဌာရုံနဲ့ စဖွင့်ကြတာ
နှစ်ဆန်း ၁ ရက်နေ့ လာ့စ်ဗီးဂတ်စ်မြို့က ထရမ့်ဟိုတယ်အပြင်ဘက်မှာ Tesla Cybertruck တစ်စီး ပေါက်ကွဲသွားသတဲ့။
ယာဉ်မောင်းသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရတယ်- ဒဏ်ရာရသူတွေကတော့ အသေးအဖွဲထိခိုက်တာလောက်လို့ ဆိုတယ်။
မနက်အစောကြီး ၃ နာရီကျော်တုန်းက နယူးအော်လန်က ပြင်သစ်ရပ်ကွက်က လူအုပ်ထဲ ပစ်ကပ်ထရပ်နဲ့ ဝင်တိုက်ပြီး နာရီနည်းနည်းအကြာမှာ ထပ်ဖြစ်တာ။ ဖို့ဒ်ပစ်ကပ်မောင်းတဲ့သူနဲ့ ရဲတွေအပြန်အလှန်ပစ်လို့ သူလည်းသေပြီး သူကားနဲ့ဝင်တိုက်လို့ သေရသူကလည်း ၁၄ ယောက်ရှိပြီ။
Cybertruck ပေါက်ကွဲရတာကတော့ အလွန်ကြီးမားတဲ့ မီးရှူးမီးပန်းတွေ ဒါမှမဟုတ် ငှားလာတဲ့ကားနောက်မှာ တင်လာတဲ့ဗုံးကြောင့် ဖြစ်မယ်လို့ အီလွန်မတ်စ်က ပြောတယ်။ ကားနဲ့တိုက်ရိုက်မဆိုင်ဘူးပေါ့။ ကားထဲမှာ လောင်စာဆီတွေ ထည့်လာပြီး ဖေါက်ခွဲတာလို့လည်း ပြောကြတယ်။
အဖြစ်အပျက်နှစ်ခုက ဆက်စပ်မှုတော့ မရှိပါဘူး။
Crd
