27 w - Translate

ဆိုတော့ Step by Step အစဉ်အတိုင်း ဘယ်လိုလိမ်းရမလဲဆိုရင်...

အရင်ဆုံး Cleansing step လာမယ်။ မနက်ခင်းဆို facial foam တမျိုးတည်းသုံးရပေမဲ့ ညဘက်ဆိုရင် double cleansing အနေနဲ့ 1st step cleanser (cleansing oil/balm, micellar water) သုံးပြီး နောက်ကနေ သုံးနေကျ facial foam လိုက်သုံးပေးရတယ်။

Cleanse လုပ်ပြီးရင်တော့ နောက်ကနေ toner, essence, serum, ampoule စသဖြင့် လိုက်ပေးရတယ်။ ဒီ steps တွေကိုသုံးတဲ့အခါ သိထားရမှာက ဘာပြီးရင်တော့ ဘာလိမ်းရမယ်ဆိုပြီး တရားသေမှတ်ထားလို့မရဘူး။ ဆိုလိုတဲ့အဓိပ္ပာယ်က အရည်အပျစ်အကျဲပေါ်မူတည်ပြီးပဲ အရည်အကျဲဆုံးကနေ စလိမ်းပေးရမယ်။

ဥပမာ - ampoule က texture အကျဲဆုံးဆိုရင် မျက်နှာသစ်ပြီးတာနဲ့ ampoule ကိုအရင်လိမ်း, toner ကအရည်အပျစ်ဆုံးဆိုရင်တော့ toner ကိုနောက်ဆုံးမှပဲ လိမ်းပေးပေါ့နော်။ အဲ့လိုမျိုးလိမ်းပေးတဲ့အခါ skincare တွေက အသားအတွင်းပိုင်းထိစိမ့်ဝင်ပြီးတော့ အာနိသင်ကောင်းပိုရစေတယ်။

အဲ့ဒီ steps တွေပြီးသွားရင်တော့ နောက်က moisturizer လိုက်ပေးရမယ်ပေါ့နော်။ Night time routine မှာတော့ moisturizer နဲ့တင်အဆုံးသတ်ပြီး Day time routine မှာဆိုရင်တော့ နောက်က sunscreen လိုက်လိမ်းပေးဖို့လိုတယ်။ ကိုယ်က makeup ဘာညာလိမ်းမယ်ဆိုရင်တော့ sunscreen ပြီးမှ လိမ်းရမယ်ပေါ့နော်။

Additional steps တွေအနေနဲ့ eye cream သုံးမယ်ဆိုရင် moisturizer မတိုင်ခင် လိမ်းပေးလို့အဆင်ပြေတယ်။ Wash off masks တွေ peeling တွေသုံးမယ်ဆိုရင် မျက်နှာသစ်အပြီး သုံးပေးရုံပါပဲ။ Toner လိမ်းလိမ်း မလိမ်းလိမ်းရပါတယ်။

#crd

image