28 w - Translate

၂၀၂၄ ၌ စင်္ကာပူစီးပွားရေး မျှော်မှန်းထားသည်ထက်မြင့်တက်ခဲ့--လောရင့်စ်

စင်္ကာပူ၊ဇန်နဝါရီ ၁

စင်္ကာပူဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ်တွင် စင်္ကာပူနိုင်ငံ၏စီးပွားရေးသည် မျှော်လင့်ထားသည်ထက်ပိုပြီး တိုးတက်ခဲ့ကာ တစ်နှစ်တာအတွက် ၄ ဒသမ ၀ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ဟုသိရသည်။

"ခိုင်မာတဲ့စီးပွားရေး‌ေကြာင့်အမှန်၀င်ငွေကဒီထက် တိုးလာဖို့လည်းမျှော်လင့်ပါတယ်” ဟု မစ္စတာဝေါင်းက ၎င်း၏ နှစ်သစ်ကူးသဝဏ်လွှာတွင်ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ဖော်‌ေကြငြာမည့် နိုင်ငံ့ ဘတ်ဂျက် ၂၀၂၅ တွင် နိုင်ငံအတွက် နောက်ထပ်ခြေလှမ်းများကိုချမှတ်မည်ဟု ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

အဓိကဦးစားပေးအနေဖြင့် စင်္ကာပူနိုင်ငံ၏ စီးပွားရေး အရ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်၊နိုင်ငံသားများအတွက် အခွင့်အလမ်းနှင့်အလုပ်အကိုင်ကောင်းများ ဖန်တီးပေးခြင်းနှင့် လူနေမှုစရိတ်များမြင့်တက်လာခြင်း၏ အကျိုးသက်ရောက်မှုကို လျော့ပါးစေရေးတို့ဖြစ်သည်ဟုလည်းဆိုသည်။

စင်္ကာပူကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၏ နိုဝင်ဘာလကထုတ်ပြန်ကြေငြာချက်များအရ ၂၀၂၄ တွင် စင်္ကာပူ၏ GDP တိုးတက်မှုနှုန်းသည် ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိမည် ခန့်မှန်းခဲ့သည်။