28 w - Translate

INSANE [2016]

Thriller ကြိုက်သူတွေအတွက် ၂၀၁၆ တုန်းက ထွက်ထားပြီး ဆုတွေရထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်

နာနမ်ဆူက '၂၄ နာရီ' ဆိုတဲ့ ရှိုးတစ်ခုရဲ့ ပီဒီ ပါ
ပီဒီနာက သူ့ရဲ့ရှိုးအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို အမြဲတမ်းစုံစမ်းရှာဖွေနေသူပေါ့
တစ်ရက်မှာတော့ ပီဒီနာရဲ့ ရှိုးအတွက် စိတ်ဝင်စားစရာ ဒိုင်ယာရီလေး တစ်ခုရောက်လာခဲ့ပါတယ်
အဲဒီဒိုင်ယာရီကို ရေးသားထားတဲ့ကောင်မလေးက " ဂန်ဆူအာ "

ဒိုင်ယာရီထဲမှာ ရေးသားထားတဲ့အကြောင်းအရာတွေက...
ဂန်ဆူအာဟာ အိမ်ပြန်လမ်းမှာအဖမ်းခံလိုက်ရပြီး စိတ်ကျန်းမာရေးဆေးရုံတစ်ခုကို ပို့ခံရတယ်...သူမ အဲဒီ စိတ်ကျန်းမာရေးဆေးရုံထဲမှာ ပိတ်မိနေတယ်...ဒီဆေးရုံမှာ သူမကို ကူညီမယ့်သူကလည်း ဟန်ဒုံရှစ် တစ်ယောက်ပဲ ရှိတယ်လို့ ရေးသားထားတယ်

စုံစမ်းကြည့်လိုက်တဲ့အခါမှာ အဲဒီဆေးရုံဟာ လွန်ခဲ့တဲ့တစ်နှစ်က မီးလောင်သွားပြီး လူနာတွေ အများကြီးသေဆုံးခဲ့တယ်လို့ သိရတယ်
ဒါပေမယ့် လူနာစာရင်းထဲမှာတော့ ဒိုင်ယာရီစာအုပ်လေးရဲ့ပိုင်ရှင် ဂန်ဆူဆိုတာ ရှိမနေခဲ့ဘူး
သေဆုံးတဲ့စာရင်းထဲမှာလည်း ဂန်ဆူအာ မပါဝင်ခဲ့ဘူး
ဒါဆိုရင် ဂန်ဆူအာဆိုတာ ဘယ်သူလဲ...သူမ ဘယ်ရောက်နေလဲ...
ဒီဒိုင်ယာရီထဲက အကြောင်းအရာတွေက တကယ်အမှန်ဟုတ်ရဲ့လားဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြရမှာပါ ။
#horrormovie

image