20 ပတ် - ဘာသာပြန်ပါ။

နှစ်သစ်မကူးခင်ညနဲ့ နှစ်သစ်ကူးပြီး မနက်အချိန်အတွင်း ရန်ကုန်မှာ ယာဥ်မတော်တဆမှု (၃) ခုဖြစ်ပွား

ဇန်နဝါရီ ၂

နှစ်သစ်မကူးခင်ဖြစ်တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်၊ ညပိုင်းနဲ့ နှစ်သစ်ကူးပြီးဖြစ်တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်၊ မနက်ပိုင်းအချိန်အတွင်း ရန်ကုန်မြို့မှာ ယာဥ်မတော်တဆမှု (၃) ခုဖြစ်ပွားခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာပေါ်ရောက်လာတဲ့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

ပထမဖြစ်စဥ်က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်၊ ည ၁၁ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ရတနာနှင်းဆီအိမ်ရာအရှေ့၊ ရတနာလမ်းပေါ်မှာ ယာဥ် ၂စီးတိုက်မိခဲ့တာဖြစ်ပြီး အဲဒီဖြစ်စဥ်အတွင်း ဒဏ်ရာရရှိသူ (၄) ဦးရှိခဲ့တယ်လို့ Yangon Rescue Organization (YRO) က ဖော်ပြထားပါတယ်။

ဒုတိယဖြစ်စဥ်ကတော့ ကျောက်တံတားမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ပန်းဆိုးတန်းခုံး​ကျော်တံတား​ပေါ်မှာ ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီဝန်းကျင်အချိန်က တိုယိုတာဟိုင်းလပ်စ်ဆာဖ်ယာဥ်တစ်စီး ပက်လက်လန် တိမ်းမှောက်ခဲ့တာဖြစ်ပြီး အဲဒီဖြစ်စဥ်အတွင်းမှာ လူထိခိုက်မှုမရှိခဲ့ပေမယ့် တံတားလက်ရန်းတွေ ထိခိုက်ပျက်စီးခဲ့​တယ်လို့ ဆိုပါတယ်။

နောက်ထပ်ဖြစ်စဥ်တစ်ခုကတော့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်၊ မနက် ၀၀ နာရီ ၃၄ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ယင်းဖြစ်စဥ်ကြောင့် လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ရဲ့ ဖော်ပြထားမှုအရ သိရပါတယ်။

#centralnewsnaypyitaw

image
image
image
image
image