28 w - Translate

Genres - Adventure, Fantasy, Comedy, Isekai

ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ ရီရမယ့် Isekai ကားသစ်လေးပါဗျ ၊ 1 လပိုင်း 2 ရက်ယ‌နေ့မှာထွက်ရှိလို့လာမဲ့ကားသစ်လေးလဲဖြစ်ပါတယ်နော်။

Uchimura Dennosuke ဆိုတဲ့ လခစားဝန်ထမ်းတစ်ယောက်ဟာ တခြားကမ္ဘာကို ကူးပြောင်းခံရပြီး နတ်ဆိုးဘုရင်ရဲ့ စစ်တပ်ထဲမှာ အလုပ်လုပ်ရဖို့ ကံကြမ္မာငင်ခဲ့လေရဲ့...နတ်ဆိုးဘုရင်တပ်ထဲမှာ အဲ့ဒီကမ္ဘာကို အုပ်စိုးနေတဲ့ King လေးယောက်ရှိတဲ့အနက် Uchimura လည်း တစ်ယောက်အပါအဝင်ပေါ့။

Uchimura က နတ်ဆိုးဘုရင်တပ်ထဲမှာဆို စီးပွားရေးလုပ်ရမဲ့ ဒါရိုက်တာ ရာထူးကိုရထားသူပါ ၊ ဒါပေမဲ့ အဲ့နတ်ဆိုးဘုရင်တပ်ထဲမှာ စီးပွားရေးလုပ်ရတာက နေ့တိုင်းသေရေးရှင်ရေးလို ဖြစ်နေတဲ့အခါ....ကြုံလာသမျှအခက်အခဲတွေကို လခစားဝန်ထမ်းတစ်ယောက်အနေနဲ့ရှိခဲ့တုန်းက အတွေ့အကြုံတွေကိုသုံးပြီး ဘယ်လိုဖြတ်ကျော်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထွက်လာရင်ကြည့်ရှူကြည့်လိုက်ပါအုံးနော်...
#anihub

image
image
image
image