20 ပတ် - ဘာသာပြန်ပါ။

ယူနိုက်တက် တန်းဆင်းရမယ့်အန္တရာယ်ရှိနေတယ်လို့ အာမိုရင်သတိပေး

ဇန်နဝါရီ ၂

ယူနိုက်တက်အသင်းဟာ နယူးကာဆယ်အသင်းကို ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် နည်းပြအာမိုရင်က အသင်းအနေနဲ့ တိုးတက်မှုမရှိလာဘူးဆိုရင် တန်းဆင်းရမယ့် အန္တရာယ်ရှိနေတယ်လို့ သတိပေးခဲ့ပါတယ်။

အာမိုရင်က “တန်းဆင်းဖို့ဆိုတာ ဖြစ်နိုင်ဖွယ်ရှိတဲ့အရာလို့ ကျနော်ထင်ပြီး ပရိသတ်တွေအနေနဲ့ ဒါကို ရှင်းရှင်းလင်းလင်းရှိရမှာပါ။ တစ်ခုခုကို ပြောင်းလဲဖို့ လိုအပ်ပေမယ့် ဒီရာသီကလူတိုင်းအတွက် အလွန်ခက်ခဲပါလိမ့်မယ်။ ဒါက ကျနော်တို့ကို ပိုသန်မာစေပြီး တိုက်ပွဲဝင်ရမှာပါ။ ကလပ်ရဲ့သမိုင်းမှာ အဆိုးရွားဆုံး အခိုက်အတန့် တစ်ခုဖြစ်နေတယ်ဆိုတာ ကျနော်တို့လက်ခံရမှာပါ"လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ နယူးကာဆယ်အသင်းကို အရေးနိမ့်ပြီးနောက် အိမ်ကွင်း ၃ ပွဲဆက်တိုက် အရေးနိမ့်ခဲ့သလို ဒီဇင်ဘာလထဲမှာ ပြိုင်ပွဲစုံ ၆ ပွဲအထိ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒါအပြင် ယူနိုက်တက်အသင်းဟာ ဒီဇင်ဘာလထဲ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲတွေမှာ ပေးဂိုး ၁၈ ဂိုးအထိ ပေးခဲ့ရပြီး အသင်းရဲ့အဆိုးရွားဆုံး အခြေအနေကို ကြုံတွေ့နေရတာပါ။

ယူနိုက်တက်အသင်းဟာ နယူးကာဆယ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၄ နေရာမှာ ရပ်တည်ကာ ၂၀၂၄ ခုနှစ်ကို အဆုံးသတ်ခဲ့သလို တန်းဆင်းဇုန် အထက်ကအသင်းနဲ့ ၇ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။

အဲဒါကြောင့် ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ပွဲတွေမှာ ရလဒ်တွေမကောင်းရင် တန်းဆင်းဇုန်နဲ့ ပိုပြီးနီးကပ်သွားနိုင်တာကြောင့် နည်းပြအာမိုရင်က သတိပေးမှုပြုလုပ်ခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းအိမ်ကွင်းသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Goal

#centralnewsnaypyitaw

image
image
image