၂၀၂၄ ပြက္ခဒိန်နှစ်အတွက် ဗစ်တာက ကမ္ဘာ့ထိပ်တန်းအကျဆုံး တိုက်စစ်မှူးအဖြစ် ၆၃ ပွဲကစားပြီး ၆၂ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗစ်တာက အင်္ဂလန်ချန်ပီယံရှစ်ကလပ်ကိုဗင်ထရီအသင်းမှာ မနှစ်ရာသီက မကစားခဲ့ဖူးပီး လက်ရှိကလပ် စပို့တင်းအသင်းမှာ အစွမ်းကုန်တောက်ပရင်း စပို့တင်းအတွက် ၅၆ပွဲမှာ ၅၂ ဂိုးထိ သွင်းကာ၊ ဆွီဒင်အသင်းအတွက် ၁၀ ဂိုးသွင်းယူနိုင်ခဲ့သူပါ။အနီးစပ်ဆုံးပြိုင်ဘက် ဟာလန်းကို ၁၃ ဂိုးအသာစီးယူပီး ရပ်တည်နေပါတယ်။ ယခင်နှစ်ပြက္ခဒိန်နှစ် တစ်နှစ်မှာ ဂိုးသွင်းအများဆုံး မှတ်တမ်းရှင်တွေအဖြစ် လီဝန်ဒေါစကီး (၆၉ ဂိုး ၂၀၂၁ ခုနစ်)၊ ရော်နယ်လ်ဒို (၆၉ ဂိုး ၂၀၁၃ ခုနစ်)၊ မက်ဆီ (၉၁ ဂိုး ၂၀၁၂ ခုနစ်) တို့ ဖြစ်ပါတယ်။
