28 ပတ် - ဘာသာပြန်ပါ။

🍲ကြက်ဟင်းခါးသီးကြိုက်ပေမယ့် အခါးလည်းပေါ့ချင်သူတွေအတွက်ကြက်ဟင်းခါးသီးလေး အခါးလျော့အောင် ကြော်ကြမယ်🍲

#ကြက်ဟင်းခါးသီးကြော်

🔹 ပါဝင်ပစ္စည်းများ 🔹

-ကြက်ဟင်းခါးသီး ၁လုံး
-ပုစွန်ခြောက်မှုန့် ၂ဇွန်း
-ပုစွန်ခြောက် ၁ဇွန်း
-မြေပဲ ၁ဇွန်း(ညက်ညက်ထောင်းထားပါ)
-ကြက်သွန်နီ ၁လုံး(ပါးပါးလှီးထားပါ)
-ခရမ်းချဉ်သီး ၁လုံး(ခပ်ပါးပါးလှီးထားပါ )
-ဆား အနည်းငယ်
-ငံပြာရည် အနည်းငယ်
-ငရုတ်ပုထောင်း အနည်းငယ်
-နနွင်း အနည်းငယ်

👩‍🍳 ကဲချက်ကြစို့နော် 👩‍🍳

1️⃣ ကြက်ဟင်းခါးသီးကို ထက်ခြမ်းခြမ်း ပါးပါးလှီး ရေဆေးပြီး
ဆား ၂ဇွန်းထည့်၍ ရေ၅နာရီခန့်စိမ်ထားပါ။ မင်မင်ကတော့ မနက်ချက်ရန် ညထဲကစိမ်ထားပါတယ်။🔸(အခါးလျော့စေဖို့ အဓိကလေးနော်)

2️⃣ ဒယ်အိုး တစ်လုံးထဲသို့ ပါဝင်ပစ္စည်းအားလုံးကိုထည့်၍ရော
နယ်ကာ ဆီ ၃ဇွန်းထည့် ရေမြုပ်ရုံထည့်၍ အဖုံးမအုပ် မမွှေ ပဲ
တည်ထားပါ။ခဏလောက်စီ နေမှ အောက်မကပ်ရုံလောက်ပဲ ယောင်းမပြားဖြင့် တချက် တချက်လောက်ထိုးမွှေ၍ ဆီပြန်လျှင် ရပါပြီ‌ေနာ်😋

👩‍🍳မခက်ခဲပဲ ရိုးရိုးရှင်းရှင်းခံတွင်းလိုက်စေတာမို့ ချက်စားကြည့်ကြနော်

#credit
#ကြက်ဟင်းခါးသီး #ကြက်ဟင်းခါးသီးကြော်
#ချက်ပြုတ်နည်း #ဟင်းချက်နည်းများ
#cooking

image