28 w - Translate

ဘာစီလိုနာမှ ထွက်ခွာရနိုင်သည့် အော်လ်မိုကို ပရီးမီးယားလိဂ်အသင်းကြီးများ စောင့်ကြည့်

ဘာစီလိုနာကနေ ထွက်ခွာရနိုင်တဲ့ စပိန်ကွင်းလယ်လူ အော်လ်မိုကို ပရီးမီးယားလိဂ်အသင်းကြီး တွေက ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

အော်လ်မိုကို ဘာစီလိုနာအသင်းက ကစားသမား မှတ်ပုံတင်စာရင်းတင်သွင်းဖို့ အယူခံတင်သွင်းခဲ့ ပေမဲ့ လုပ်ခကန့်သတ်ချက်စည်းမျဉ်းတွေအရ လာလီဂါဘက်က ပယ်ချခဲ့တာပါ။

ဒီအခြေအနေကြောင့် အော်လ်မိုဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကနေ မဖြစ်မနေထွက်ခွါရနိုင်ပြီး ပရီးမီးယားလိဂ်အသင်းကြီးတွေက ခေါ်ယူဖို့ စောင့်ကြည့်နေတာပါ။

ပရီးမီးယားလိဂ်ရဲ့ ကြီး ၆ ကြီးလို့ခေါ်ကြတဲ့ လီဗာပူး၊ မန်ယူ၊ မန်စီးတီး၊ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ စပါးအသင်းတွေက အော်လ်မိုကိုခေါ်ယူနိုင်ဖို့ ကြိုးပမ်းလာနိုင်တယ်လို့ စပိန်သတင်း တွေမှာဖော်ပြခဲ့ကြ ပါတယ်။

Photo-Reuters

image