28 w - Translate

ကစားကွက်ပြောင်းလဲမည်မဟုတ်သည့် နည်းပြအာမိုရင်ကို ဖာဒီနန် ထောက်ခံ

မန်ယူနိုက်တက်အသင်းရဲ့ ကစားပုံကို ပြောင်းလဲမှာမဟုတ်တဲ့ နည်းပြအာမိုရင်အပေါ် ထောက်ခံကြောင်း မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ပြောသွားပါတယ်။

မန်ယူအသင်းဟာ နည်းပြအာမိုရင်လက်ထက် နောက်ဆုံး ၄ ပွဲစလုံး ရှုံးနိမ့်ခဲ့ပြီးနောက် လက်ရှိကစားနေတဲ့ ၃-၄-၃ ကစားကွက်ကနေ ပြောင်းလဲကစားသင့်ကြောင်း ဝေဖန်သုံးသပ်မှုတွေ ရှိနေတာပါ။

နည်းပြအာမိုရင်ဟာ ရေရှည်အတွက် လုပ်ဆောင်နေတဲ့ သူ့ရဲ့ကစားကွက်အပေါ် ယုံကြည်မှု ရှိနေတာကြောင့် ရေတိုအဆင်ပြေနိုင်တဲ့ ကစားပုံကို ပြောင်းလဲမှာမဟုတ်ကြောင်း၊ အောင်မြင်မှု မရရှိနိုင်တဲ့ လမ်းဟောင်းကို ပြန်မလျှောက်တာက အားပေးထောက်ခံစရာဖြစ်ကြောင်း ဖာဒီနန်က ပြောပါတယ်။

အာမိုရင်ရဲ့ ကစားကွက်နဲ့ နည်းစနစ်ကို မန်ယူအသင်းက အချိန်ယူ လေ့ကျင့်မယ်ဆိုရင် လိုချင်တဲ့ အောင်မြင်မှုတွေ ပြန်လည်ရရှိမယ်လို့ထင်ကြောင်း ဖာဒီနန်က ပြောသွားပါတယ်။
Crd

image