မီတာ ၅၀၀၀ ကမ္ဘာ့စံချိန်သစ်ကို ချီဘက် တင်နိုင်ခဲ့
..........
ပဲရစ်အိုလံပစ် ရွှေတံဆိပ် ၂ ဆုရှင် ကင်ညာနိုင်ငံသူ ချီဘက်ဟာ ဘာစီလိုနာမြို့က ပြိုင်ပွဲတစ်ခုမှာ မီတာ ၅၀၀၀ ကမ္ဘာ့စံချိန်သစ်ကို တင်နိုင်ခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ချီဘက်ဟာ မီတာ ၅၀၀၀ ကို ၁၃ မိနစ် ၅၄ စက္ကန်းနဲ့ ပြေးနိုင်ခဲ့ပြီး မီတာ ၅၀၀၀ ကို ၁၄ မိနစ် အောက် ပြေးနိုင်တဲ့ ပထမဆုံးအမျိုးသမီး လည်းဖြစ်လာခဲ့ပါတယ်။ ပဲရစ်အိုလံပစ် မီတာ ၅၀၀၀ နဲ့ မီတာ ၁၀၀၀၀ ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ရခဲ့တဲ့ ချီဘက်က မီတာ ၅၀၀၀ ကို ၁၄ မိနစ်အောက် ပြေးနိုင်မယ် ဆိုတာကို အမြဲယုံကြည်နေခဲ့သလို အခုလိုစွမ်းဆောင်နိုင်ခဲ့တာကိုလည်း ကျေနပ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။ ၂၀၂၅ခုနှစ် အတွက် သူမရဲ့ ရည်မှန်းချက်ကတော့ တိုကျိုမှာကျင်းပမယ့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်တွေရယူနိုင်ဖို့ဖြစ်တယ်လို့လည်း ချီဘက်ကပြောပါတယ်။
