20 ပတ် - ဘာသာပြန်ပါ။

#ငါးခဲပက်ကင်နည်း #အနှစ်ထည့်နည်း
▪️▪️▪️▪️▪️▪️▪️▪️▪️
👩‍🍳 ပြုလုပ်နည်း 👩‍🍳

🔹အရသာမှုန့်ရယ် ကင်းမွန် ငံပြာရည်အနည်းငယ်ရယ် ဆားရယ် ရှာလကာရည်အနည်းငယ် ပျားရည်အနည်းငယ်နဲ့ နှံစပ်အောင်ပွတ်ပြီးနှပ်ထားရန် နှပ်ထားနေစဥ်အတွင်း ငါးဗိုက်နဲ့ အပေါ်ယံအတွက် အစာသွပ်ဖို့ အစာကိုစီစဥ်မယ်

🔹ငရုပ်သီးသိမ်းအနီရောင်အနည်းငယ်ရယ် ပင်စိမ်းအနည်းငယ်ရယ် ကိုနူတ်နူတ်စင်းထားမယ်

🔹ရှမ်းနံနံ အနည်းငယ်ကိုလဲ နူတ်နူတ်စင်းထားရန်

🔹ဂျင်းနဲ့ စပါလင်ရောထောင်းထားရန်

🔹ဂျင်း စပါလင် ငရုပ်သီး ရှမ်းနံနံ ပင်စိမ်း ကြက်သွန်ဖြူမညက်တညက်ထောင်းထားတာရယ် သကြားအနည်းငယ် ကင်းမွန်ငံပြာရည် ခရုဆီအနည်းငယ် ပျားရည်အနည်းငယ်ရယ် ထောပတ်အနည်းငယ်ရယ် သံပုရာသီး ၃လုံးလောက်ညစ်ထည့်ပြီး နယ်ထားရန်

🔹ငါးအပေါ်ယံတွေကိုလဲ အစာအနှစ်တွေနဲ့ပွတ်တိုက်ပေးရန်

🔹ငါးဗိုက်ထဲကိုလဲ အစာအပြည့်ထည့်ရန်

🔹ခဲပတ်ပြားလေးကို ဆီအနည်းငယ်သုပ်ရန်

🔹ခဲပတ်နဲ့လုံခြုံအောင်ပတ်ပေးပါ

🔹မီးသွေးမီးဖိုနဲ့ ကင်ပေးရန် ငါးကိုတဖက်ပြီးတဖက်လှန်ပေးရန် မိနှစ် ၃၀ လောက်ကင်ပေးရန်

🔹ခဲပတ်ကိုခွါလိုက်ရင်တော့ စားဖို့အဆင်သင့်ဖြစ်နေတဲ့ စားကောင်းတဲ့ ငါးကင်လေးပေါ့ 😋🐟

#credit
#ငါးခဲပက် #fish

image