20 w - Translate

KBZ Payအကောင့်အချို့မှ ငွေလိမ်ထုတ်ခံရသည့် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဗဟိုဘဏ်၏ကြီးကြပ်မှုဖြင့် စုံစမ်းထုတ်‌ဖော်သွားမည်ဟုဆို

ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ KBZ Pay အကောင့်တချို့က ငွေတွေ အကောင့်ပိုင်ရှင်မသိအောင် ငွေလိမ်ထုတ်ခံရတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အမြန်ဆုံးစိစစ်ဆောင်ရွက်နေသလို ဗဟိုဘဏ်ရဲ့ကြီးကြပ်လမ်းညွှန်မှုနဲ့အတူ စုံစမ်းထုတ်ဖော်သွားမယ်လို့ KBZ Payက ဒီဇင်ဘာ၃၁ရက်မှာ ‌ထုတ်ပြန်ပါတယ်။

လတ်တလောမှာ အသုံးပြုသူတချို့ရဲ့ အကောင့်တွေကို OTPရယူပြီး PIN နံပါတ်ကိုခန့်မှန်းကာ ဝင်ရောက်ခဲ့တဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး က‌မ္ဘောဇဘဏ်က သိရှိသတိပြုမိထားပြီးဖြစ်သလို အသုံးပြုသူတွေရဲ့ ငွေကြေးဆုံးရှုံးမှုတွေ မဖြစ်ပေါ်စေရေးအတွက် ကမ္ဘောဇဘဏ်က တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ အကောင်းဆုံးဝန်ဆောင်မှုပေးနေတယ်လို့လည်း အသိပေးထားပါတယ်။

အကောင့်လုံခြုံရေးနဲ့ပတ်သက်ပြီး တိုးမြှင့်ဆောင်ရွက်မှုတွေကိုလည်း လာမယ့်ရက်သတ္တပတ်တွေမှာ ဆက်လက်ပြီး ထုတ်ပြန်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက KBZ Payအသုံးပြုသူတချို့ဟာ ကိုယ်တိုင်မသိရှိရဘဲ အကောင့်ထဲက ငွေကြေးတွေ လွှဲပြောင်းထုတ်ယူခံရတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားထားတာကို တွေ့ရပါတယ်။

image