20 ပတ် - ဘာသာပြန်ပါ။

နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံးရလဒ် ကြုံတွေ့နေရတဲ့ ယူနိုက်တက်
=======================
ယူနိုက်တက်ဟာ မနေ့ညတုန်းက အိုးထရက်ဖို့ဒ်ကွင်းမှာ နယူးကာဆယ်ကို ရှုံးနိမ့်ပြီးတဲ့နောက် နှစ်ပေါင်း ၆၀ ကျော်အတွင်း ၁၉၇၂ ခုနှစ်နောက်ပိုင်း ပြိုင်ပွဲအရပ်ရပ် အိမ်ကွင်း ၃ ပွဲဆက်ရှုံးပွဲကြုံတွေ့နေရပါတယ်။
ယူနိုက်တက်ဟာ ဆာမတ်ဘတ်စ်ဘီလက်ထက် ၁၉၆၂-၆၃ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်း ၃ ပွဲဆက်တိုက်အရှုံးနှင့် ကြုံတွေ့လာတာလည်း ဖြစ်ပါတယ်။
အက်ဒီဟောင်းရဲ့ နယူးကာဆယ်ဟာ အလက်ဇန္ဒားအိုင်ဆတ်၊ ဂျိုးလင်တန်တို့ရဲ့ အစောပိုင်း သွင်းဂိုးတွေနဲ့ ယူနိုက်တက်ကို ၂-၀ ဖြင့် အနိုင်ရလာတာ ဖြစ်ပြီး ၂၀၂၄ ခုနှစ်ကို အဆင့် ၅ နေရာဖြင့် အဆုံးသတ်လာနိုင်ပါတယ်။

image