နှစ်ဦးအထူးတရားပွဲပြုလုပ်မည်
၂၀၂၅ ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့တွင် နှစ်ဦးအထူးတရားပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလ (၁) ရက်နေ့ ဗုဒ္ဓဟူးနေ့ ၁၃၈၆ ခုနှစ် ၊ ပြာသိုလဆန်း(၃)ရက်နေ့တွင် တိုးချဲ့ဓမ္မရင်ပြင် ၊ ဗိုလ်တထောင်စေတီတော်၌ ညနေ (၆) နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆရာတော် ဒေါက်တာဘဒ္ဒန္တအဂ္ဂသာဓိ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မှ တရားအလှူပေးမည်ဖြစ်၍ တရားတော်နာ ကြွရောက်ပါရန် လေးမြတ်စွာ ဖိတ်ကြားထားသည်။
