28 ပတ် - ဘာသာပြန်ပါ။

လူ ၃၈ ဦး သေဆုံးခဲ့သည့် လေယာဉ်ပျက်ကျမှုက ရုရှားနှင့်ပတ်သတ်ဟု အဇာဘိုင်ဂျန်သမ္မတဆို
............

ပြီးခဲ့တဲ့ ခရစ္စမတ်နေ့က အဇာဘိုင်ဂျန်လေကြောင်းလိုင်းကပြေးဆွဲခဲ့တဲ့ လူ ၃၈ ဦး သေဆုံးတဲ့ လေယာဉ်ပျက်ကျမှုဖြစ်စဉ်ဟာ ရုရှားနဲ့ တိုက်ရိုက် ပတ်သတ်နေတယ်လို့ အဇာဘိုင်ဂျန်သမ္မတက စွပ်စွဲပြောဆိုလိုက်ပါတယ်။
ရုရှားနိုင်ငံကနေ လေယာဉ်ကို ပစ်ချခဲ့တာဖြစ်နိုင်တယ်လို့ အဇာဘိုင်ဂျန်သမ္မတကပြောပါတယ်။
အဇာဘိုင်ဂျန်လေကြောင်းလိုင်းဟာ ရုရှားနိုင်ငံ ချေချင်းညာရှိ ဂရိုဇ်နီကို ထွက်ခွာလာစဉ် ကာဇက်စတန်နိုင်ငံ Aktau မြို့အနီးကို အရေးပေါ် ဆင်းသက်ခဲ့ရတာဖြစ်ပါတယ်။
လေယာဉ်ဟာ ပျံသန်းနေစဉ်အတွင်း ဒရုန်းတွေ၊ မြူတွေကိုရှောင်ရှားနေရင်း ငှက်တွေနဲ့ တိုက်မိခဲ့ပြီး ပျက်ကျခဲ့တာဖြစ်ကြောင်း ရုရှားဖက်ဒရယ်လေကြောင်း ပို့ဆောင်ရေးအေဂျင်စီကပြောကြားထားပါတယ်။
လေယာဉ်ကိုယ်ထည်အတွင်း ဖောက်ထွင်းခံရတဲ့ အပျက်အစီးတွေ အပိုင်းအစတွေကိုကြည့်ပြီး လေယာဉ်ဟာ ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ချခဲ့တာဖြစ်နိုင်တယ်လို့ အမေရိကန်အဆင့်မြင့် အရာရှိတစ်ဦးကသုံးသပ်ပြောကြားထားပါတယ်။

image