20 ပတ် - ဘာသာပြန်ပါ။

ကန်သမ္မတဟောင်းဂျင်မီကာတာ_ကွယ်လွန်ခြင်း
------------------
အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ မနေ့ ဒီဇင်ဘာ ၂၉ မှာ ဆုံးသွားပါပြီ။ အသက် ၁၀၀ အထိ နေခဲ့ရတဲ့ ဂျင်မီကာတာဟာ ဂျော်ဂျီယာက မြေပဲစိုက်တောင်သူဟောင်းတစ်ယောက်ဖြစ်ပြီး ဝါးတားဂိတ်ပြဿနာနောက်ပိုင်းမှာ သမ္မတ ဖြစ်လာခဲ့သူပါ။
ဒါပေမယ့် သူလည်း သိက္ခာတွေကျစရာတွေကြုံလို့ ၄ နှစ် သက်တမ်းတစ်ကြိမ်နဲ့ပဲ ရာထူးကထွက်ခဲ့ရပြီး သမ္မတဟောင်းအနေနဲ့ကျမှ သူ့ဂုဏ်သိက္ခာပြန်ထူထောင်ဖို့ အများကြီး လုပ်နိုင်ခဲ့တယ်- ငြိမ်းချမ်းရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးအတွက် မမောမပန်း လှုပ်ရှားခဲ့ပြီး နိုဘယ်ငြိမ်းချမ်းရေးဆုနဲ့ အသိအမှတ်ပြုခံခဲ့ရပါတယ်။
အမေရိကန်သမိုင်းမှာ အသက်အရှည်ဆုံးသမ္မတဖြစ်ပြီး နှစ် ၁၀၀ ပြည့်မွေးနေ့ကို ၂၀၂၄ ခုနှစ် အောက်တိုဘာတုန်းက ကျင်းပခဲ့ပါတယ်။ ကင်ဆာရောဂါနဲ့ ၁၉ လကြာ ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရပြီးနောက် ဆုံးသွားခဲ့တာပါ။
၂၀၀၂ မှာ နိုဗယ်ငြိမ်းချမ်းရေးဆု ရခဲ့တယ်-ရုစဗဲ့နဲ့ ဝီလ်ဆင်တို့နောက် နိုဘယ်ဆုရတဲ့ တတိယမြောက် အမေရိကန်သမ္မတဖြစ်လာတယ်။ သမ္မတရာထူးနောက်ပိုင်း လုပ်ရပ်တွေအတွက် နိုဗယ်ငြိမ်းချမ်းရေးဆုရတဲ့ တစ်ဦးတည်းသော သမ္မတဟောင်း ဖြစ်လာတယ်။
နယ်လ်ဆင်မင်ဒဲလားနဲ့အတူ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးအတွက် လုပ်ဆောင်ဖို့ ကတိပြုခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့ The Elders ကို တည်ထောင်ခဲ့တယ်။
သမ္မတဟောင်းဘဝမှာ သာမန်လူနေမှုပုံစံအတိုင်း ပြန်နေပြီး အရှိန်အဝါနဲ့ ကော်ပိုရိတ်ဘုတ်တွေမှာ ဝင်ပါတာ၊ ဟောပြောပွဲတွေနဲ့ ငွေရှာတာတွေ မလုပ်ခဲ့ဘူး။ ဘယ်တုန်းကမှ ချမ်းသာဖို့ မရည်မှန်းခဲ့တာမို့ သမ္မတရာထူးကာလကို အမှီပြု လုပ်မစားခဲ့ဘူး။
နိုင်ငံရေးလောကထဲမ၀င်ခင်က အိပ်ခန်းနှစ်ခန်းပါတဲ့ တစ်ထပ်အိမ်လေးနဲ့ပဲ အချိန်ပြည့်ပြန်နေတဲ့ တစ်ဦးတည်းသော ခေတ်သစ်သမ္မတဟောင်း။ သူ့အိမ်တန်ဖိုးက သမ္မတဟောင်းကို ကာကွယ်ဖို့ အပြင်ဘက်မှာရပ်ထားတဲ့ SS အေးဂျင့်တွေရဲ့ ကားလောက်တောင်မများ။
သမ္မတဟောင်းဇနီးမောင်နှံအနေနဲ့ ၁၉၈၄ ခုနှစ်မှာ ပရဟိတစလုပ်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ အိမ်ပေါင်း ၄၀၀၀ ကျော်ကို ပြုပြင်ပေးခဲ့သည်။ ၂၀၂၃ မှာ ၇၇ နှစ်ရွယ် ဇနီးသည်ဆုံးတယ်။
ဘာသာရေးယုံကြည်ချက် စွဲမြဲတယ်၊ ဘုရားသခင့်အလိုတော်နဲ့ နိုင်ငံရေးတာဝန်ကြားက ပဋိပက္ခတွေကို ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူး၊ တစ်ခုချိုးဖောက်မိရင် နောက်တစ်ခုကို ချိုးဖောက်မိမှာပဲလို့ ဆိုခဲ့တယ်။
Crd

imageimage