20 w - Translate

ယူကရိန်းတွင် direct-to-cell ဝန်ဆောင်မှုရရှိရေးဆောင်ရွက်သွားမည်ဟု Starlink ထုတ်ပြန်
.........

ယူကရိန်းမှာ direct-to-cell ဝန်ဆောင်မှုရရှိရေးကို အဓိကထား ဆောင်ရွက်သွားမယ်လို့ Starlink က ထုတ်ပြန်ကြေညာပါတယ်။
Direct-to-cell (DTC) ဝန်ဆောင်မှုဆိုတာ ဖုန်းတွေကနေ ပတ်လမ်းအတွင်းရှိ ဂြိုလ်တုတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ကာ သုံးစွဲသူတွေကို ဖုန်းခေါ်ဆိုတာ၊ စာတိုပေးပို့တာနဲ့ ဆဲလ်တာဝါတိုင် မရှိတဲ့ နေရာတွေမှာ ဒေတာ အသုံးပြုခွင့်ပေးတာ စတဲ့ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။
အာကာသဂြိုဟ်တု ပတ်လမ်းတွေကနေ စမတ်ဖုန်းတွေဆီကို တိုက်ရိုက်ထုတ်လွှင့်တဲ့ ဖုန်းအချက်ပြမှုက ယူကရိန်းနိုင်ငံကို ပထမဆုံးရောက်ရှီလာမှာဖြစ်တယ်လို့ မျှော်မှန်းထားကြတာပါ။
စာတိုပေးပို့ခြင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းရှိတဲ့ direct-to-cell ဝန်ဆောင်မှုဟာ လာမယ့် ၂၀၂၅ ခုနှစ် စတုတ္ထသုံးလပတ်မှာ စတင်လည်ပတ်နိုင်မယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကပြောပါတယ်။
အဆိုပါ direct-to-cell ဝန်ဆောင်မှုရရှိရေးအတွက် ယူကရိန်းအခြေပြု ထိပ်တန်းမိုဘိုင်းအော်ပရေတာကုမ္ပဏီ Kyivstar နဲ့ Starlink တည်ထောင်သူ အီလွန်မာ့ခ် တို့က သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

imageimage