ကိုယ်တွေ ကျောင်းတော်ကြီးမှာတုန်းက သင်္ချာတွက်တော့ Fortran နဲ့ သင်ရတယ်။ တွက်ရတာတွေက Control Engineering ပုစ္ဆာတွေ။ ထုံးစံအတိုင်းပဲ ကျောင်းပြီးသွားတော့ ကျောင်းစာတွေကို စာသင်ခန်းထဲမှာပဲ ထားခဲ့ရပြီး သက်ဆိုင်ရာလုပ်ငန်းခွင်ထဲမှာ နေ့စဥ်လုပ်ငန်းတာဝန်တွေကို လုပ်ကိုင်နိုင်အောင် သင်ယူကြရတယ်ပေါ့။ စာတွေသင်ခဲ့လို့ လုပ်ငန်းခွင်မှာ အဆင်ပြေပြေလုပ်ကိုင်နိုင်ကြတယ်ဆိုတာ အမှန်တရားဖြစ်ပေမယ့် သင်ခဲ့ရတဲ့စာတွေအတိုင်း သင်္ချာတွေ ချတွက်နေရတာလည်း မဟုတ်ပြန်ဘူး။
ကျောင်းတော်ကြီးမှာ ထောင်းလမောင်းကြေအောင်တွက်ခဲ့ရတဲ့ Control အပိုင်းတွေကို Robotics အပိုင်းကို မြည်းစမ်းကြည့်တော့ တွေ့လာရပါတယ်။ Python နဲ့ coding ရေးရတာက မခက်လှပေမယ့် နောက်ကွယ်က သင်္ချာသဘောတရားတွေက လွယ်လွယ်ကူကူ နားမလည်ပါဘူး။ Robotics မှာ Control အပိုင်းကို AI တွေ Machine Learning တွေနဲ့ လုပ်ကြတယ်လို့ပဲ အများနားလည်ထားကြပေမယ့် အဲ့ဒီ ML Algorithm ဘာတွေကို train သွားတာလဲ။
ဥပမာမယ် humanoid robot တွေမှာ လူတွေလမ်းလျှောက်သလို စက်ရုပ်ကလျှောက်နိုင်အောင်လို့ train လုပ်မယ်ဆိုပါစို့။ လူတွေလမ်းလျှောက်တဲ့ mechanism မှာ ဟန်ချက်ဘယ်လိုထိန်းရမယ်ဆိုတာကို လူတွေက လူသားကလေးငယ်ဘဝကထဲက သင်ယူတတ်မြောက်ခဲ့ကြတာပါ။ အဲ့ဒီ လမ်းလျှောက်တဲ့ Control mechanism ကို physical body control engineering အနေနဲ့ နည်းပညာတွေ ရှိထားပြီးသားပါ။
အဲဒီ Control Engineering မှာ လိုအပ်တဲ့ control parameters အများကြီးကို တပြိုင်နက်ချိန်ညှိနိုင်ဖို့အတွက် Machine Learning နည်းပညာတွေကို ထည့်သွင်းသုံးစွဲသွားနိုင်လို့ ဒီနေ့ခေတ် humanoid robot တွေ လမ်းလျှောက်တာ ပြေးတာ ခုန်တာ ဂျွမ်းထိုးတာတွေ လုပ်လာနိုင်ကြတာပါ။ Control Engineering ကို Sympy နဲ့ ချဥ်းကပ်လေ့လာဖို့ စိတ်ဝင်စားသူများ https://dynamics-and-control.r....eadthedocs.io/en/lat မှာ လေ့လာနိုင်ကြပါတယ်။
YP Learning center
