20 ပတ် - ဘာသာပြန်ပါ။

ဒီအဖြစ်ဆိုးနဲ့ပတ်သက်တဲ့_အရာတော်တော်များများကအဓိပ္ပါယ်မရှိဘူး
--------------------
ဒီစကားကို ပြောလိုက်သူက လေကြောင်းကျွမ်းကျင်သူနဲ့ မှတ်ချက်ပေးသူ Geoffrey Thomas ။
တောင်ကိုရီးယားလေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်ပြီး ပြောတာပါ။
သူရှင်းပြတာက -
"ငှက်အုပ်နဲ့တိုးမိလို့ ညာဘက်အင်ဂျင်ကို ထိခိုက်ခဲ့တယ်၊ ဒါက လေယာဉ်မှူးခန်းထဲမှာ ဖိအားတွေ အများကြီးဖြစ်စေလိမ့်မယ်၊ ဒီအင်ဂျင်ချို့ယွင်းမှုနဲ့ ပတ်သတ်ပြီး စစ်ဆေးမှုတွေနဲ့ အပြန်အလှန် စစ်ဆေးမှုတွေ လုပ်နေတာကြောင့် လေယာဉ်မှူးတွေဟာ ဘီးချဖို့ မေ့သွားတာ ဖြစ်နိုင်ပါတယ်"
"တကယ်လို့ ဘီးမချမိရင် လေယာဉ်မှူးခန်းထဲ သတိပေးချက်တွေ ထွက်လာမယ်၊ ပြဿနာတစ်ခုခုကြောင့် ဘီးမကျရင်တောင် ဘီးကျအောင် လူကိုယ်တိုင် Manual ချနိုင်တဲ့မောင်းတံရှိတယ်။
အင်ဂျင်အခြေအနေကြောင့် အဲဒါတွေလုပ်ဖို့ အချိန်မရှိဘူးလို့ သူတို့ခံစားရသလား ဆိုတာတော့ မသိရဘူး"
"ဒါပေမယ့် အရေးပေါ်အခြေအနေ ကြေညာပြီးဖြစ်လို့ မြေပြင်မှာလည်း မီးသတ်တပ်ဖွဲ့တွေကို ပြေးလမ်းဘေးမှာထားသင့်တယ်၊ လေယာဉ်ဘီးချမရဘဲ ဆင်းရတဲ့အခြေအနေအတွက် ပြင်ဆင်ရမှာတွေ ပြင်ဆင်ထားသင့်တ ယ်၊ ဒီလိုအခြေအနေမျိုးမှာ Foam မီးသတ်ဆေးမြှုပ်တွေ ကိုလည်း ပြေးလမ်းပေါ်မှာ တင်ထားနိုင်ပါတယ်"
တောင်ကိုးရီးယားနဲ့ လေကြောင်းလိုင်းတွေဟာ လုပ်ငန်းနယ်ပယ်ဆိုင်ရာ အကောင်းဆုံးအလေ့အထ ရှိတယ်လို့ သတ်မှတ်ခံရတယ်လို့လည်း သောမတ်စ်က ပြောပါတယ်။ လေယာဉ်ကော လေကြောင်းလိုင်းနှစ်ခုစလုံးဟာ ကောင်းမွန်တဲ့ ဘေးကင်းမှတ်တမ်း ရှိတာ အသိအမှတ်ပြုပါသတဲ့။
ဒါပေမယ့် “ဒီအဖြစ်ဆိုးနဲ့ပတ်သက်တဲ့ ကိစ္စတော်တော်များများဟာ အဓိပ္ပာယ် မဲ့သလိုပဲ" ပညာရှင်ပီပီ ပါးပါးလေးဝေဖန်ထားပါတယ်။
Source, BBC

image