အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ Wankhede Stadium အားကစားရုံမှာ Conor McGregor နဲ့ Logan Paul တို့ illustration fight ကစားကြမယ်ဆိုပြီး သတင်းတွေထွက်နေ။
အိန္ဒိယရဲ့ အချမ်းသာဆုံးသူဌေး Mukesh Ambani က စီစဉ်တာလို့သိရပြီး Visit India ကမ်ပိန်းပုံရိပ်အတွက် ပွဲကျင်းပတာဖြစ်တယ်လို့သိရပါတယ်။
စုစုပေါင်းထိုးကြေး ဒေါ်လာ (၅၀၀) သန်းလောက်သုံးမယ်လို့ သိရပြီး ကစားသမားတွေက ခန့်မှန်း ဒေါ်လာ (၂၅၀) သန်းလောက်စီရနိုင်ပါတယ်။ သရုပ်ပြပွဲဆိုပေမယ့် ထိုးကြေးကတော့ မနည်းတဲ့ပမာဏပါ။ Oleksandr Usyk နဲ့ Tyson Fury ပွဲထိုးကြေးထက်တောင် များနေပါသေးတယ်။
Conor McGregor UFC မှာ ပွဲကျန်ရှိသေးတယ်ဆိုပေမယ့် အရင်ကလည်း ဒီလိုပဲထိုးဖူးပါတယ်။ Logan Paul ကို လှောင်ပြောင်မှုတွေကတော့ မြင့်တက်လာဦးမယ်ထင်ပါတယ်။
