အာဆီယံဖလား နောက်ဆုံး ဗိုလ်ပွဲစဉ်သို့ ဗီယက်နမ်အသင်း တက်ရောက်
ဗီယက်နမ်အသင်းအနေဖြင့် အာဆီယံမစ်ဆူဘီရှီဖလားပြိုင်ပွဲ နောက်ဆုံးအဆင့် ဗိုလ်ပွဲစဉ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
ယမန်နေ့က စင်ကာပူအသင်းဖြင့် ဒုတိယအကျော့ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် (၃)ဂိုး (၁)ဂိုးဖြင့်အနိုင်ရရှိရာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်းလည်းဖြစ်သည်။
ဗီယက်နမ်အသင်းအနေဖြင့် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတလျောက် (၅) ကြိမ်မြောက် ဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲအဆင့်ထိ တက်ရောက်နိုင်ခဲ့သည်။
ထိုင်းအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့၏ ဒုတိယအကျော့ ဆီမီးဖိုင်နယ်ပွဲစဉ်ယှဉ်ပြိုင်ကစားရန်ကျန်ရှိနေသေးပြီး အနိုင်ရရှိသည့်အသင်းနှင့် ဗိုလ်ပွဲတွင် ထိပ်တိုက်တွေ့ဆုံသွားကြရမည်ဖြစ်သည်။
