ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ🇲🇲
ဝင်ကြေး(၁၀၀၀)ကျပ်တည်းနဲ့တိုင်းရင်းသားကျေးရွာသွားလည်ကြမယ်လေ☘️
တိုင်းရင်းသားကျေးရွာကိုတော့ ရန်ကုန်သူ၊ ရန်ကုန်သားတွေနဲ့ ရန်ကုန်မြို့မှာ နေထိုင်တဲ့သူတွေ အများစု ရောက်ဖူးကြပေမယ့် မရောက်ဖူးသေးတဲ့သူတွေ၊ အခြားမြို့တွေကနေ လာရောက်မယ့်သူတွေအတွက်သွားလည်လို့ရအောင်တင်ပြပေးခြင်းဖြစ်ပါတယ်😍
တည်နေရာ📍
ရန်ကုန်မြို့၊ သန်လျင်တံတား အမှတ်(၁) သာကေတဘက်ခြမ်း တံတားအရှေ့မှာ တည်ရှိတာဖြစ်ပါတယ်
တိုင်းရင်းသားကျေးရွာကိုရောက်တဲ့YBSများ 32/10/4/31/ 34 /76/33/96/33
မင်မင်သိတဲ့ရောက်နိုင်တဲ့YBSနံပါတ်တွေပါ ရောက်တဲ့YBSတွေကျန်နေသေးရင်ပြောပြပေးနော်ထပ်ဖြည့်ပေးပါမယ်
