28 w - Translate

ချန်ပီယံဆုကို လီဗာပူးနှင့် အာဆင်နယ် ၂ သင်းပဲ အပြိုင်လုရလိမ့်မည်ဟု ကာရေဂါ သုံးသပ်

ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို လီဗာပူးနဲ့ အာဆင်နယ် ၂ သင်းပဲ အပြိုင်လုရလိမ့်မယ်လို့ နောက်ခံလူဟောင်း ကာရေဂါက ပြောသွားပါတယ်။

လက်ရှိအမှတ်ပေးဇယားမှာ လီဗာပူးက ဒုတိယနေရာက အာဆင်နယ်ထက် တစ်ပွဲလျော့ ကစားထားသည့်တိုင် ၆ မှတ် ဖြတ်ပြီး ဦးဆောင်နေတာပါ။

ချဲလ်ဆီးအသင်းကလည်း လီဗာပူးနဲ့အာဆင်နယ်ကို ဖိအားပေးနေပေမဲ့ ချန်ပီယံဆုကို စိန်ခေါ်ဖို့ အဆင်သင့်မဖြစ်သေးကြောင်း၊ အဆုံးသတ်မှာ လီဗာပူးနဲ့ အာဆင်နယ် ၂ သင်းပဲ ချန်ပီယံဆုကို အပြိုင်လုရလိမ့်မယ်လို့ ကာရေဂါက ပြောပါတယ်။

ဒါပေမဲ့ အာဆင်နယ်အသ်းမှာ ဒဏ်ရာပြဿနာတွေရှိလာတာက ချန်ပီယံဆုနဲ့ သွေဖယ်သွားနိုင်ပြီး လီဗာပူးအသင်းက ချန်ပီယံဆုဖလား ရယူဖို့အခွင့်အလမ်းများနေကြောင်း ကာရေဂါက ပြောပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်ကိုတော လီဗာပူး၊ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ အစဉ်လိုက် ရပ်တည်လိမ့်မယ်လို့ ကာရေဂါက ပြောသွားပါတယ်။

image