စမ်းချောင်းမြို့နယ် ဖျာပုံလမ်းမှာ နာရီပိုင်းအတွင်း ပေါက်ကွဲမှု (၂) ကြိမ်ဖြစ်ပေါ်ပြီး အရပ်သားထိခိုက်မှုအချို့ရှိခဲ့

 ဒီဇင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းမှာ ဒီကနေ့ ဒီဇင်ဘာ (၃၀) ရက်မနက်ပိုင်းက နာရီပိုင်းသာခြားပြီး ပေါက်ကွဲမှု (၂) ကြိမ်ဖြစ်ပေါ်ခဲ့တာကြောင့် အရပ်သားထိခိုက်ဒဏ်ရာရရှိမှုအချို့ ရှိခဲ့တယ်လို့ သိရပါတယ်။

ပထမဖြစ်စဥ်က စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်း၊ ကျွန်းလယ်ရပ်ကွက်၊ အမှတ်(31) မှာရှိတဲ့ ပန်းလှိုင်မိသားစု Clinic ရှေ့မှာ မနက် ၉ နာရီ ၁၀ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီပေါက်ကွဲမှုကြောင့် အခန်းရှေ့မှာ ရပ်တန့်ထားတဲ့ မော်တော်ယာဥ် (၂)စီးနဲ့ မီးစက်နှစ်လုံးတို့ ပျက်ဆီးခဲ့ပေမယ့် လူထိခိုက်မှု မရှိခဲ့ဘူးလို့ဆိုပါတယ်။

အဲဒီနောက် ဒုတိယပေါက်ကွဲမှုဖြစ်စဥ်ကတော့ အဆိုပါ ကျွန်းလယ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအနီးမှာ မနက် ၁၁ နာရီခွဲအချိန်က ထပ်မံဖြစ်ပွားခဲ့တာပါ။

အဆိုပါပေါက်ကွဲမှုဖြစ်စဥ်အတွင်းမှာတော့ လမ်းသွားလမ်းလာ အရပ်သားပြည်သူ (၃)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး မော်တော်ယာဥ်တစ်စီးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

imageimage
+4