#မာလာရှမ်းကော 🍜

လွယ်ကူပြီးရိုးရှင်း အကုန်ကျနည်းတဲ့နည်းလေးပါ 😋

🍲 ပါဝင်ပစ္စည်းများ
-----------------
- အသား( ကိုယ်ကြိုက်နှစ်သက်ရာအသား)
- ပုစွန်အကောင်ကြီး
- ပင်လယ်စာအသားချောင်း
- ကြက်သွန်ဖြူ ဂျင်း
- ကြွက်နားရွက်မှို
- ပဲလိပ်
- ကြာစွယ်
- ပြောင်းဖူး
- ခေါက်ဆွဲ (yum yum ခေါက်ဆွဲထုပ်လဲသုံးလို့ရပါတယ်)
- ဟင်းသီးဟင်းရွက် (ကိုယ်ကြိုက်နှစ်သက်ရာ)
- မာလာအနှစ်ထုပ်
- ယိုးဒယားပဲငံပြာရည်အကျဲ
- နှမ်းဆီမွှေး

🔸🔹ပြင်ဆင်ပုံ🔹🔸
-----------------
1️⃣ ကြက်သွန်ဖြူ ဂျင်း ထောင်း အရည်ညစ်ပြီး ကြက်သားနဲ့နှယ် ကြက်သားမှုန့်နဲ့ ငရုတ်ကောင်းမှုန့်နဲနဲနဲ့ မွှေးအောင်နှမ်းဆီမွှေးလေးနဲနဲပါထည့်နယ်တယ် (မထည့်လဲရပါတယ်)

2️⃣ အရင်ဆုံး ခေါက်ဆွဲတို့ မာလာချောင်းတို့ကို ကြွက်နားရွက်မှိုကို အရင်ပြုတ် ခေါက်ဆွဲကိုရေနွေးထဲကဆယ်ပြီးရင် ရေအေးပြန်စိမ်ပေးပါ အေးပြီဆို ရေစစ်ထားပေးပါ

3️⃣ ပဲလိပ်က ရေစိမ်ထားရင်လဲရတယ် ပြုတ်ထားလဲရတယ်

4️⃣ ဟင်းသီးဟင်းရွက်တွေကို တစ်မျိုးစီ ပြုတ် ဆယ်ပြီး ရိုးရိုးရေထဲပြန်စိမ် အရောင် မပြယ်သွားအောင်

5️⃣ ကြက်ဥချောင်းနဲ့ ပင်လယ်စာတွေကို ကြော် အရမ်းအကျက်ကြီးမကြော်နဲ့နော်
=========================

👩‍🍳 ချက်ကြရအောင် 👩‍🍳
------------
- ငရုတ်သီးအကြမ်းဖက်ကိုကြော် ဆယ်ထား ပေးပါ

- အဲ့ဆီနဲ့ ကြက်သွန်ဖြူနဲ့ ဂျင်းထည့်ဆီသတ်ပေး ပြီးရင် မာလာအနှစ်ထုပ် ၃ပုံတစ်ပုံလောက်ရယ် တရုတ် ငါးမျိုး အမှုန့်နဲနဲရယ် အထုံမှုန့်နဲနဲရယ်ထည့်

- အသားထည့် ခဏနေရင် ကြော်ထားတဲ့အသားတုတွေထည့် အသားနူးအောင် ရေနွေးနဲနဲထည့်ပြီးခဏထားပေးပါ

- အသားနူးရင် ပြုတ်ထားတဲ့ ရေစိမ်နဲ့ ပဲလိပ်တွေထည့် ပြောင်းဖူးရယ် အရွက်တွေထည့် မွှေ

- ခေါက်ဆွဲထည့်မယ်ဆိုနောက်ဆုံးမှထည့်ပေးပါ ပွသွားမှာစိုးလို့

- အရည်နဲ့စားမယ်ဆို ရေနွေးထည့်ပြီး ပွက်လာရင် အပေါ့အငန်မြည်ပြီး မာလာအနှစ်ထပ်ထည့် ယိုးဒယားပဲငံပြာရည်အကျဲ ထည့် (အရည်နဲ့မဟုတ်ရင်တော့ ရေနွေးနဲနဲပဲထည့်ပြီး ခဏနေရင်ရပါပြီ)

- ပြီးရင် ပုစွန်ထည့် နူးလွယ်ကျက်လွယ်လို့ ကျက်မှထည့်နော်

- နောက်ဆုံး ကြော်ထားတဲ့ ငရုတ်သီးအကြမ်းဖက်အတောင့်ကိုဖြူးပေးလိုက်ပါ 🍽️😋

#credit
#မာလာရှမ်းကော
#ချက်ပြုတ်နည်း #ဟင်းချက်နည်းများ
#cooking

image