နှစ်ရက်အတွင်း တရားမဝင်ကုန်သွယ်မှုအမှုတွဲ (၃၁) မှုမှ ကျပ်သိန်းပေါင်းသုံးသောင်းကျော်တန်ဖိုးရှိ ပစ္စည်းများကို ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၃၀

တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု အမှုတွဲ ၃၁ မှုမှ ကျပ်သိန်းပေါင်း သုံးသောင်းကျော် တန်ဖိုးရှိဘပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

ဖမ်းဆီးရမိခဲ့သည့် တရားမဝင် ပစ္စည်းများထဲတွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ၊ စားသောက်ကုန် ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ တရားမဝင်ကျွန်းသစ်များ၊ Dump Truck အမျိုးအစား မြေသယ်ယာဉ်များ၊ လူသုံးကုန်ပစ္စည်းများနှင့်ညပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၃၁ မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၆၁၅၇၇၅၁၄ ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိမှုများတွင် လုပ်ငန်းသုံးပစ္စည်းများ ပြည်ပမှ တရားမဝင်တင်သွင်းလာမှုများကြောင့် သွင်းကုန် အစားထိုး ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စား လုပ်ငန်းများကို ထိခိုက်နစ်နာမှုများဖြစ်ပေါ်စေပြီး နိုင်ငံ၏ စီးပွားရေး ဦးတည်ချက်များကိုပါ ထိခိုက်လာစေကာ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

#centralnewsnaypyitaw

image