20 w - Translate

လမ်းမတော်ပွဲဈေး လေးရက်ကြာကျင်းပနေ

ကိုဗစ်ကာလနောက်ပိုင်း ရပ်နားထားသည့် လမ်းမတော်ပွဲဈေးကို ဒီဇင်ဘာ၂၇ရက်မှ ၃၀ ရက်အထိ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဈေးရောင်းပွဲတော်အဖြစ် ကျင်းပနေကြောင်း သိရသည်။

လမ်းမတော်ပွဲစျေးသည် ရေကျော်ပွဲဈေးကဲ့သို့ နာမည်ကြီးအထင်ကရပွဲတစ်ခုဖြစ်ကြောင်း ၊ နှစ်စဉ် တန်ဆောင်မုန်းလတွင် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကာလအလွန် လေးနှစ်ကြာနောက်ပိုင်း ယင်းပွဲဈေးကို ပြန်လည်ကျင်းပခြင်းဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလတွင်လည်း ရေကျော်ပွဲဈေးကို ကျင်းပခဲ့ကြောင်း သိရသည်။

image