#ကင်းမွန်‌ေထာင်း?

🔸စပ်စပ်လေးနဲ့ အကြိုက်တွေ့စေမယ့် ထိုင်း
စတိုင်(လ်)ကင်းမွန်ထောင်းလေးလာပြီနော်🔥😋
..............................................

👩‍🍳ကင်းမွန်ကို ချက်စား၊ သုပ်စားရတာ ရိုးအီနေပြီဆိုရင်တော့ ချဉ်ချဉ်စပ်စပ်အရသာလေးနဲ့ အထောင်းပုံစံလေး ထောင်းစားလို့ရပါတယ်။ ထိုင်းစတိုင်(လ်)ဆိုတော့ အသစ်အဆန်းလေးလည်း ဖြစ်ပြီး အိမ်မှာပဲ မိသားစု၊ သူငယ်ချင်းတွေနဲ့ စုပြီး ပျော်ပျော်ပါးပါးလုပ်စားလို့ ရတာမို့လို့ နည်းလမ်းလေးတွေ ကြည့်ရအောင်။

🔹ပါဝင်ပစ္စည်းများ🔹

ကင်းမွန်- (၂၀) သား

ကြက်သွန်ဖြူ- အမွှာကြီး(၅) မွှာ

ငရုတ်သီးစိမ်းတောင့်- (၅) တောင့် (အစပ်စားနိုင်သလောက် ထည့်ပါ)

ခရမ်းချဉ်သီး- (၁) လုံး

ကြက်သွန်နီ-(၁)လုံး

နံနံပင် အနည်းငယ်

ထန်းလျက်ခဲ-(၁) လုံး

ငံပြာရည်-ထမင်းစားဇွန်း(၂)ဇွန်းခန့်

သံပုရာသီး-(၁) လုံး
🔹🔹🔹🔹🔹🔹🔹🔹🔹

👩‍🍳ကင်းမွန်ထောင်းနည်း👩‍🍳

1️⃣ ပထမဆုံး ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတောင့်ကို အရင်ထောင်းပါ။ နောက်ပြီး ခရမ်းချဉ်သီးနဲ့ ကြက်သွန်နီကို ပါးပါးလှီးထားပါ။

2️⃣ ကင်းမွန်ကို ရေနွေးပွက်ပွက်ဆူတဲ့အထဲမှာ ထည့်ပြီး (၂) မိနစ်လောက် ပြုတ်ပါ။ အကြာကြီးပြုတ်တဲ့အခါ ကျုံ့သွားပြီး မာတာမျိုး ဖြစ်တတ်တာကြောင့်ပါ။

3️⃣ ကင်းမွန်ပြုတ်ထားတာရရင် အအေးခံပြီးလှီးထားပါ။ သံပုရာရည်ညှစ်ဖို့ သံပုရာသီးကို လှီးထားပါ။

4️⃣ အားလုံးပြင်ဆင်ပြီးပြီဆိုရင် စထောင်းပါမယ်။ ထောင်းမယ့်ဆုံထဲကို ငံပြာရည်(၂) ဇွန်း၊ ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းထည့်ပါ။ နောက်ပြီး ထန်းလျက်ခဲတစ်ခဲထည့်ထောင်းပါ။

5️⃣ မညက်တညက်လေး ဖြစ်လာပြီဆိုရင် ကင်းမွန်ပြုတ်ထားတာ ထည့်ပြီးထောင်းပါ။ နောက်ဆုံးမှ ခရမ်းချဉ်သီးနဲ့ ကြက်သွန်နီကိုထည့်ပြီး ခပ်ဖွဖွလေး ထောင်းပါ။

6️⃣ စိတ်ကြိုက်အရသာရပြီဆိုရင် နောက်ဆုံးမှာမှ သံပုရာရည် ညှစ်ထည့်ပါ။ ဒါဆိုရင်တော့ ချဉ်ချဉ်စပ်စပ်နဲ့ အရသာရှိတဲ့ ကင်းမွန်ထောင်း ရပါပြီ။🦑

‼️ ကင်းမွန်ကို ရေဆေးတဲ့အခါ အညစ်အကြေးတွေ ကင်းစင်အောင် ရေနဲ့ သေချာဆေးကြောပါ။

#credit
#ကင်းမွန်ထောင်း #ကင်းမွန် #အထောင်း
#ရှူးရှဲ #ချဉ်စပ်
#ဟင်းချက်နည်းများ #ချက်ပြုတ်နည်းများ
#cooking #ထိုင်းစတိုင်

image