20 w - Translate

နိုင်ငံတကာသတင်းတိုများ

၁။​တောင်ကိုးရီးယားဂျီဂျူး​လေ​ကြောင်းလိုင်းမှဘိုးအင်း 737-800​လေယာဥ်ခရီးစဥ်အမှတ် 7C2216သည်ယ​နေ့နံနက်ကဘန်​ကောက်မှ​ပျံသန်းလာပြီးတောင်ကိုးရီးယားနိုင်ငံမူအမ်အပြည်ပြည်ဆိုင်ရာ​လေဆိပ်အ​ရောက်ဘီးချမရပဲဝမ်းဗိုက်ဖြင့်ဆင်းသက်စဥ်​လေယာဥ်မီး​လောင်ပြီးခရီးသည်နှင့်​လေယာဥ်အမှုထမ်း၁၈၁ဦးအနက်၁၇၉ဦးမီး​လောင်​သေဆုံးသွားသည်။

၂။အီသီယိုးပီးယားနိုင်ငံ၏အကြီးဆုံးလျပ်စစ်ကုမ္ပဏီဖြစ်​သောအီသီယိုးပီးယားအီလက်ထရစ်ပါဝါသည်ဝင်​ငွေ၏၁၈%ကိုဘစ်ကွိင်မှရရှိ​နေသည်။

၃။အဲက​နေဒါ​လေ​ကြောင်းပိုင်လေယာဥ်သည်ဘီးကျိုးပြီးဟာလီဖက်စ်​လေယာဥ်ကွင်းတွင်အ​ရေး​ပေါ်ဆင်သက်ရာမီး​လောင်သွားသည်။အ​သေအ​ပျောက်သတင်းကိုယခုထိ​ကြေညာခြင်းမရှိ​သေး​ပေ။

၄။ယူကရိန်းဆိုင်ရာကုလသမဂ္ဂအထူးသံတမန်ကယူကရိန်းသည်​နေတိုးသိုဝင်ရသည်ဖြစ်​စေ၊မဝင်ရသည်ဖြစ်​စေအ​ရေးမကြီးပဲနိုင်ငံ၏လုံခြုံ​ရေးအာမခံချက်သာလိုချင်​နေ​ကြောင်း​ပြောကြားလိုက်သည်။

၅။ဆွီဒင်အသုဘဝန်​ဆောင်မှုကုမ္ပဏီသည်ရုရှားနှင့်​နေတိုးစစ်ဖြစ်ပါက​သေဆုံးသူများမြှုတ်နှံရန်လူ​သောင်းချီမြှုတ်နှံနိုင်မည့်​မြေ​နေရာရှာ​ဖွေလျက်ရှိသည်။

NOM